A d v e r t i s e m e n t With Us

ကျောင်းသူ ၂၀၀ ကျော် ဖမ်းဆီးထားသည့်နေရာ သိပြီဟု နိုင်ဂျီးရီးယား စစ်ဦးစီးချုပ်ပြော

ဘိုကိုဟာရမ် စစ်သွေးကြွတွေ ဖမ်းထားတဲ့ ကျောင်းသူ အယောက် ၂၀၀ ကျော် ဘယ်မှာ ရှိတယ်ဆိုတာ သိပြီလို့ နိုင်ဂျီးရီးယားစစ်တပ် ကာကွယ်ရေး စစ်ဦးစီးချုပ် လေတပ်ထိပ်တန်းအရာရှိ အဲ့လက်စ် ဘာဒါက မနေ့က နိုင်ဂျီးရီးယား ရုပ်သံကနေ ပြောပါတယ်။

“ဘယ်နေရာမှာလဲ ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ကျနော်တို့ ဘာသာ လှုပ်ရှားမယ်၊ မိန်းကလေးတွေကို ပြန်ရအောင် ကျနော်တို့ ခေါ်လာမယ်” လို့ ပြောပါတယ်။

[caption id="attachment_57266" align="alignleft" width="300"]unnamed copy အဲ့လက်စ် ဘာဒါ[/caption]

နိုင်ငံအရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျား ချီဘုတ်ခရိုင်မှာ စာမေးပွဲဖြေနေတဲ့ မိန်းကလေးအယောက် ၂၀၀ ကျော်ကို ဘိုကိုဟာရမ် စစ်သွေးကြွတွေက ဖမ်းခေါ်သွားတာ ၇ ပတ် ရှိနပြီ ဖြစ်ပါတယ်။

မိန်းကလေးတွေကို ကယ်တင်ဖို့ ဘိုကိုဟာရမ် စခန်းကို စီးနင်းမယ်ဆိုရင် ပြန်ပေးသမားတွေရဲ့ သတ်ဖြတ်မှုကို မိန်းကလေးတွေ ခံရနိုင်တယ်လို့ အရာရှိအများစုက ထင်မြင်နေပါတယ်။

ဘိုကိုဟာရမ်တွေဟာ အရပ်သားတွေကို သတ်ရာမှာ သနားညှာတာမှု မရှိတဲ့ အဆင့်ကို ပြသခဲ့ပြီးပါပြီ။ မိန်းကလေးတွေ ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်း ဘိုကိုဟာရမ်တွေဟာ အရပ်သား အနည်းဆုံး အယောက် ၄၇၀ ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

သူတို့ဟာ ဘာသာရေး ကိုးကွယ်မှု ရောထွေးနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံအတွင်း အစ္စလာမ်မစ်ပြည်နယ်တည်ထောင်ဖို့ တိုက်ပွဲ ၀င်နေတာလို့ ဆိုပါတယ်။

မေ ၂၆ ရက်ကတော့ မိန်းကလေးတွေကို ကယ်နိုင်ရေး ဘိုကိုဟာရမ်အကျဉ်းသားတွေနဲ့ လဲလှယ်ဖို့ သဘောတူရေး နီးစပ်တဲ့ အပေးအယူတခု လုပ်ခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက အစီရင်ခံပါတယ်။ ဒါဟာ ဘိုကိုဟာရမ်အဖွဲ့က လူသိရှင်ကြား တောင်းဆိုခဲ့တဲ့ အချက်လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up