Home
မြန်မာသတင်း
မိုးဗြဲတွင် စစ်တပ် လက်နက်ကြီးကြောင့် အမျိုးသား ၁ ဦး သေဆုံး
DVB
·
January 9, 2023
324087948_1416859292454025_2812458268623426711_n

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့‌ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၆၆ နှစ်အရွယ် အမျိုးသား တယောက် သေဆုံးသွားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF (၁၀၀၁)တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈  ရက် ည ၉ နာရီက မိုးဗြဲမြို့၊  ပွဲကုန်း ၁ ရပ်ကွက်နေ ဦးလျိုပန် နေအိမ်အပေါ် ကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ဖြစ်အောင် ဖန်တီးနေတာကြောင့် မိုးဗြဲမြို့နေ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို မပေါ့လျော့ကြဖိုနဲ့ သွားလာလှုပ်ရှားမှုကို အထူး ဂရုပြုကြဖို့  မိုးဗြဲ -PDF က တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

အောက်တိုဘာလကစပြီး မိုးဗြဲမြို့မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ငြိမ်သက်နေခဲ့ရာမှ ဇန်နဝါရီ ၁ ရက်က စတင်ပြီး လက်နက်ကြီးပစ်ခတ်တာတွေ ရှိလာကာ လူနေရပ်ကွက်တွေထဲ ကျရောက် ပေါက်ကွဲတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024