DVB Logo
Home
မြန်မာသတင်း
အခြေခံပညာစာမေးပွဲများ ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ကျင်းပမည်
DVB
·
January 8, 2023
အခြေခံပညာစာမေးပွဲများ ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ကျင်းပမည်
Donate to DVB

၂၀၂၂-၂၃ ပညာသင်နှစ်ရဲ့ အခြေခံပညာအတန်း ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲနဲ့ အတန်းပြီးမြောက်မှု စစ်ဆေးတဲ့ စာမေးပွဲတွေကို ဖေဖော်ဝါရီ ဒုတိယအပတ်ကနေ စတင်ကျင်းပဖို့ စစ်ကောင်စီပညာရေးဌာနက ညွှန်ကြားထားပါတယ်။

Grade 5,Grade 9,Grade 11 တွေကလွဲပြီး ကျောင်းတွင်းစာမေးပွဲတွေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ကစတင်ကာ တနင်္ဂနွေနေ့ကလွဲပြီး ဖေဖော်ဝါရ ၂၁ ရက်နေ့အထိကျင်းပရမယ်လို့ သိပါတယ်။

အခြေခံပညာမူလတန်းအဆင့်ပြီးမြောက်မှု စစ်ဆေးခြင်း Grade 5 စာမေးပွဲကိုတော့ ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၈ ရက်အတွင်းနဲ့ အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်မှု စစ်ဆေးခြင်း Grade 9 စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်ကနေ မတ် ၁ ရက်အတွင်း အပြီးကျင်းပဖို့ ညွှန်ကြားထားပါတယ်။

အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း Grade 11 (သင်ရိုးဟောင်း) ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း အပြီးစစ်ဆေးရမယ်လို့လည်း သိရပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ် ၈ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း ကျင်းပဖို့ စစ်ကောင်စီပညာရေးဌာန (မြန်မာနိုင်ငံစာစစ်ဦးစီးဌာန) က ကြေညာထားပြီး စနစ်ဟောင်း သင်ရိုးဟောင်းနောက်ဆုံးစာပေးပွဲကို ဖြေဆိုဖို့ ပြင်ပကနေ လျှောက်ထားတဲ့အရေအတွက်ဟာ ၁ သိန်း ၈ သောင်းလောက်ရှိကာ ဆက်လက် လက်ခံပေးနေတယ်လို့ သိရပါတယ်။

အခုနှစ် စစ်ကောင်စီလက်အောက်မှာ ဖွင့်လှစ်တဲ့အခြေခံပညာကျောင်းတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ၇ သိန်းကျော်လောက်တက်ရောက်နေပြီး ပုံမှန်ပညာသင်နှစ်ထက်စာရင် ကျောင်းသားကျောင်းသူ ၃ သန်းလောက်က ပညာသင်ခွင့်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013