DVB Logo
Home
မြန်မာသတင်း
ALP စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦး သတ်ဖြတ်ခံရမှု ANC/AA နှင့် AASYC ပြင်းထန်စွာရှုတ်ချ
DVB
·
January 8, 2023
ALP စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦး သတ်ဖြတ်ခံရမှု ANC/AA နှင့် AASYC ပြင်းထန်စွာရှုတ်ချ
Donate to DVB

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ စစ်ဦးစီးချုပ်နဲ့ တပ်မှူး ၂ ဦး သတ်ဖြတ်ခံရမှုအား ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA) နဲ့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) တို့က ပြင်းထန်စွာရှုံ့ချကြောင်း ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ALP မှ စစ်ဦးစီးချုပ်နဲ့ တပ်မှူး ၂ ဦး လုပ်ကြံသတ်ဖြတ်မှုမှာ လူသားမျိုးနွယ်စုအပေါ် အကြမ်းဖက်မှု နဲ့ လူမဆန်သော ဥပဒေမဲ့ သတ်ဖြတ်မှုလုပ်ရပ်မျိုးဖြစ်တဲ့အတွက်ပြ င်းထန်စွာ ကန့်ကွတ်ရှုံ့ချကြောင်း၊ ALP/ALA ရဲ့  စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနဲ့ တပ်မှူးနှစ်​ယောက်အတွက် ဝမ်းနည်းကြောင်း AASYC သဝဏ်လွှာပေးပို့ထားပါတယ်။

ANC/AA ကလည်း ရခိုင်တော်လှန်ရေးအဖွဲ့အစည်းတခုအား နည်းမျိုးစုံနဲ့ ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်နေကြသူတွေနဲ့ အမျိုးသားတော်လှန်ရေး အင်အားစုအတွင်း မတူကွဲပြားမှုတွေကို  အပြုသဘော ညှိနှိုင်းအဖြေရှာလို့ရပေမဲ့ အမျိုးသားညီညွတ်ရေးဓာတ်ခံမရှိဘဲ "ငါနှင့်မတူ ငါ့ရန်သူ" ဆိုတဲ့ အယူအဆနဲ့ ရခိုင်လူ့အဖွဲ့အစည်းအတွင်း မင်းမဲ့စရိုက်နဲ့ လက်နက်ကိုင်အကြမ်းဖက်ဝါဒ အား အသက်သွင်းနေကြသူများအဖြစ်  ပြင်းထန်စွာရှုံ့ချကြောင်း ထုတ်ပြန်ထားပါတယ်။

ALP ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ ဇန်နဝါရီ ၄ ရက်နေ့ မနက်က ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ အခမ်းအနားမှ ပြန်လာကြစဥ် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ၁၃ ရှိ ဆီတန်းရှေ့ ငါးစင်ရိုင်းချောင်းကျောင်းအနီးမှာ  ဆိုင်ကယ်စီးနင်းလာတဲ့ လက်နက်ကို လူတစုရဲ့ အနီးကပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြတာပါ။

အဆိုပါ လုပ်ကြံခံရမူအား ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)  မှ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်လိုက်တာဖြစ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က ဇန်နဝါရီ ၅ ရက်နေ့မှာ  ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်ပြီး တခြားအင်အားစုတခုက ပြဿနာရှုပ်ထွေးအောင် လုပ်ဆောင်ခြင်းဖြစ်နိုင်တယ်လို့ ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တုံ့ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013