DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ်တွင် ဒိုင်းနက် (ခ) သက္ကမအမျိုးသားနေ့ ကျင်းပ
DVB
·
January 8, 2023
မင်းပြားမြို့နယ်တွင် ဒိုင်းနက် (ခ) သက္ကမအမျိုးသားနေ့ ကျင်းပ
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂရာအုပ်စု၊ လက်ပံကုန်းကျေးရွာမှာ ဇန်နဝါရီ  ၇ ရက် မနက်ပိုင်းက ၁၂ ကြိမ်မြောက် ဒိုင်းနက်(ခေါ်)သက္ကမ အမျိုးသားနေ့ ကျင်းပခဲ့ပါတယ်။

ပွဲကျင်းပရေး ဦးဆောင်ဆရာတော် ဇောတိပါလက "အဓိက ဒိုင်းနက်(ခ)သက္ကမ လူမျိုးတို့ရဲ့စာပေနဲ့ ယဥ်ကျေးမှုပေါ်ပေါက်လာစေဖို့၊ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ရှိနေတဲ့ မိမိတို့လူတွေနဲ့ ဆက်သွယ်မှု ခိုင်မာလာစေဖို့၊ စာပေ၊ဂီတနဲ့ သမိုင်းတွေ ရှာဖွေဖို့နဲ့ သုတေသနပြုဖို့၊ နောင်လာ နောက်သားလူငယ်တွေ သိရှိစိတ်ဝင်စားလာစေဖို့ ရည်ရွယ်ပြီး အခုလို နှစ်စဥ်နှစ်တိုင်း ကျင်းပတာ” လို့ မိန့် ပါတယ်။

ဒိုင်းနက် အမျိုးသားနေ့တွေကို  မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ နှစ်စဥ်အလည့်ကျ ကျင်းပတာဖြစ်ပါတယ်။

အခုနှစ် ဒိုင်းနက်အမျိုးသားနေ့ကို သက္ကမစာပေနှင့်ယဉ်ကျေးမှုအသင်းက စီစဉ်ကျင်းပခဲ့တာဖြစ်ပြီး ရခိုင်ရှိ မြို့နယ်ပေါင်းစုံမှ သက္ကမစာပေနှင့်ယဉ်ကျေးမူကော်မတီဝင်တွေ၊ သက္ကမ စာပေသင်ကြားပေးနေတဲ့ ဆရာ/ဆရာမတွေ၊ ယက္ကန်းဆရာမတွေ အပါအဝင် လူ ၁၀၀၀ ကျော်တက်ရောက်ခဲ့ ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒိုင်းနက်(ခေါ်)သက္ကမ လူဦးရေ ၅၀,၀၀၀ လောက်ရှိကာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေအပြင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေမှာပါ နေထိုင်ကြပြီး  လယ်ယာ၊ ကိုင်းကျွန်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013