DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အလုံး ၁၉၀ ခန့်ရှိလာ
DVB
·
January 8, 2023
တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အလုံး ၁၉၀ ခန့်ရှိလာ
Donate to DVB

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ တနှစ်ကျော်အတွင်း စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အရပ်သားပြည်သူ နေအိမ် ၁၈၈ လုံးထိ ရှိလာခဲ့ပြီလို့ Southern Monitor အဖွဲ့က ထုတ်ပြန်ပါတယ်။

ပုလောမြို့နယ်မှာတော့ နေအိမ် ၁၁၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာမို့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ သရက်ချောင်းမြို့နယ်မှာ ၃၃ လုံး၊ တနင်္သာရီမြို့နယ်မှာ အလုံး ၂၀၊ ရေဖြူမြို့နယ်မှာ ၈ လုံး၊ ထားဝယ် မြို့နယ်မှာ ၇ လုံး၊ လောင်းလုံးမြို့နယ်မှာ ၂ လုံးနဲ့ မြိတ်မြို့နယ်မှာ ၁ လုံးစီ အသီးသီး မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလကုန်အထိ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ် အလုံး ၁၂၀ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ နောက်ထပ် နေအိမ် ၆၉ လုံး မီးရှို့ခံရတာ ဖြစ်ပါတယ်။

Southern Monitor အဖွဲ့က လက်လှမ်း မီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ပုလောမြို့နယ်ထဲက တို၊ တန်းရှင်းနဲ့ သင်္ကန်းတော ရွာတွေမှာ မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲပေါင်း ၄၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁၇၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု စာရင်းမှာတော့ သေဆုံးသူ ၁၈ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက် ရှိခဲ့ပြီးတော့ လတ်တလောမှာတော့ ဒေသ တွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပိုပြီးတော့ လိုအပ်နေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ ပေးပို့နိုင်ဖို့အတွက်လည်း အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ခုလိုကာလမှာ အမိုးအကာနဲ့ အနွေးထည်၊ စောင် စတဲ့ အဝတ်အထည်တွေ အလုံအလောက်ရရှိနိုင်ဖို့ လိုအပ်နေသလို တဖက်မှာလည်း စစ်ကောင်စီတပ်တွေဟာ အိမ်ထောင်စုတွေကို စစ်ဆေးတာ၊ ဖမ်းဆီးတာ၊ မတရားချုပ်နှောင်တာတွေအပါအဝင် တနင်္သာရီဒေသတွင်း ခရိုင်အားလုံးမှာ စစ်တပ်အင်အား တိုးမြှင့်ချထားတာတွေကိုလည်း လုပ်ဆောင်လာနေခဲ့တယ်လို့ Southern Monitor အ ဖွဲ့က ပြောပါတယ်။

Southern Monitor အဖွဲ့ကတော့ တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားရေး၊ ပဋိပက္ခအခြေနေတွေ၊ စစ်ဘေးရှောင်ပြည်သူတွေအရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပိုမိုသိရှိနိုင်အောင် လေ့လာတင်ပြပေးတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခု ဖြစ်ပါတယ်။

လတ်တလော အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် ကို ဆင်နွှဲနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013