DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲတွင်ကျဆုံးသွားသည့် CDM ဘူမိဗေဒအရာရှိအတွက် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်
DVB
·
January 5, 2023
တိုက်ပွဲတွင်ကျဆုံးသွားသည့် CDM ဘူမိဗေဒအရာရှိအတွက် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ CDM လက်ထောက်ဘူမိဗေဒအရာရှိ ဦးသန်းဦးအတွက် ဝမ်းနည်းကြောင်း   အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနမှ CDM ဝန်ထမ်း လက်ထောက်ဘူမိဗေဒအရာရှိ ဦးသန်းဦးဟာ တိုင်းပြည်တာဝန်ထမ်းဆောင်နေရင်း ဇန်နဝါရီ ၄ ရက်မှာ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းအပေါ် NUG အစိုးရအနေနဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါကြောင်းနဲ့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင် ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုပြီး မှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့ NUG ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပြီး မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက အကြမ်းမဖက်အာဏာဖီ ဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ပြီး ရှေ့တန်းကနေ တိုက်ပွဲဝင်နေသူ၊ အဆုံးထိ စိတ်ဓာတ်မယိုင်လဲပဲ ဆက်လက်တော်လှန်နေကြတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေဟာလည်း ပြည်သူတရပ်လုံးနဲ့ အတူ အမှန်တရားဘက်ကနေ မားမားရပ် ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013