DVB Logo
Home
မြန်မာသတင်း
NUG ကာကွယ်ရေးဌာနနှင့် မန္တလေး PDF တပ်ရင်း ၅ ခု တွေ့ဆုံဆွေးနွေး
DVB
·
January 5, 2023
NUG ကာကွယ်ရေးဌာနနှင့် မန္တလေး PDF တပ်ရင်း ၅ ခု တွေ့ဆုံဆွေးနွေး
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်း ၅ ခုဖြစ်တဲ့ တပ်ရင်းအမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ တို့ ဇန်နဝါရီ ၅ ရက် ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ အခု ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မယ့် စီမံချက်တွေနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆုံးဖြတ်အတည်ပြုခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တာဝန်ရှိသူတွေက လိုအပ်တာတွေကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ စုဖွဲ့ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာ တပ်ရင်း ၅ ရင်းနဲ့ စုဖွဲ့ထားရှိကာ တပ်ရင်းအသစ်တွေ တိုးချဲ့ စုဖွဲ့ဖို့အတွက်လည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

MDY-PDF ရဲ့ ပြန်ကြားရေးနဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မိုးကြိုးက “အဓိက က ၂၀၂၂ MDY-PDF ရဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ ပတ်သက်တာတွေ အစည်းအဝေးလုပ်တာပေါ့။ တနှစ်တာ စာရင်းရှင်းတမ်းလုပ်တာပေါ့။ နောက်တခုက ၂၀၂၃ မှာ စစ်ရေးအရှိန်မြှင့်မယ်ပေါ့။ တပ်ရင်းအသစ်စုဖွဲ့မှုတွေပေါ့နော်။ အဲဒါမျိုးတွေပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပြီး လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013