DVB Logo
Home
မြန်မာသတင်း
၁၀၅ မမ အမြောက်ပါ တင့်ကားသစ်များ မြန်မာစစ်တပ် စတင်အသုံးပြုနေ
DVB
·
January 5, 2023
၁၀၅ မမ အမြောက်ပါ တင့်ကားသစ်များ မြန်မာစစ်တပ် စတင်အသုံးပြုနေ
Donate to DVB

တရုတ်နဲ့ ရုရှားထုတ်ပစ္စည်းတွေနဲ့ ပေါင်းစပ်တပ်ဆင်ထုတ်လုပ်ထားတဲ့ ၁၀၅ မမ အမြောက်ပါ တင့်ကားအသစ်တွေကို မြန်မာစစ်တပ်က စတင်အသုံးပြုနေပြီလို့ စစ်လက်နက်တွေအကြောင်း တင်ဆက်နေတဲ့ ဘယ်လ်ဂျီယံအခြေစိုက် Army Recognition သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တပ်ဆင်တဲ့ အဆိုပါ အပေါ့စားတင့်ကားတွေကို ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက် နေ့မှာကျင်းပခဲ့တဲ့ ၇၇ ကြိမ်မြောက် နေပြည်တော် စစ်ရေးပြအခမ်းအနားမှာ မြန်မာစစ်တပ်က စတင်ထုတ်ဖော်ပြသခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီတင့်ကားတွေမှာ ရုရှားနိုင်ငံထုတ် ပတ္တားကြိုးဘီးသုံး 2S1 Gvozdika ကိုယ်ထည်နဲ့ တရုတ်နိုင်ငံထုတ် ၁၀၅ မမ အမြောက်အိမ်အထိုင်တွေကို ပေါင်းစပ် တပ်ဆင် အသုံးပြုထားတယ်လို့ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံထုတ် ပတ္တားကြိုးဘီးသုံး 2S1 Gvozdika ကိုယ်ထည်နဲ့ ၁၀၅ မမ အမြောက်တပ်ဆင်ထားကာ လူနှစ်ယောက်ဝင်ပြီး ပစ်ခတ်နိုင်တဲ့ တရုတ်နိုင်ငံလုပ် အမြောက်အိမ်တပ်ဆင်ထားတဲ့ အပေါ့စားတင့်ကားတွေကို စမ်းသပ်တပ်ဆင်ထုတ်လုပ်နေတဲ့ အကြောင်းကို ၂၀၁၉ ခုနှစ် မတ်လတည်းက Army Recognition ရဲ့အယ်ဒီတာအဖွဲ့က ရေးသားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

အင်တာနက်မှာတွေ့ရှိရတဲ့ သတင်းတွေအရ ဒီတင့်ကားတွေကို တရုတ်နဲ့ ပူးပေါင်းတပ်ဆင် ထုတ်လုပ်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတင့်ကားတွေမှာ တပ်ဆင်အသုံးပြုထားတဲ့ အမြောက်အိမ်အထိုင်တွေကို မြန်မာစစ်တပ် အသုံးပြုနေတဲ့ ၁၀၅ မမ အမြောက်တပ်ဆင်ထားတဲ့ WMA301 ၆ ဘီးတင့်ကားတွေမှာလည်း တပ်ဆင်အသုံးပြုထားတယ်လို့ ဆိုပါတယ်။ WMA301 တွေဟာ တရုတ်နိုင်ငံထုတ် PTL02 တင့်ကားတွေကို ပြန်လည်မွမ်းမံပြုပြင်ထားတဲ့ကားတွေ ဖြစ်ပါတယ်။

အဲဒီအမျိုးအစားသစ် အပေါ့စားတင့်ကားရဲ့ အဓိကလက်နက်ဖြစ်တဲ့ အမြောက်ဟာ နေတိုးအဖွဲ့ရဲ့ အဆင့်သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ကျည်တွေအားလုံး အသုံးပြု ပစ်ခတ်လို့ရတယ်လို့ ဆိုပါတယ်။ အဲဒီအမြောက်အိမ်မှာ ပစ်ခတ်မှုထိန်းချုပ်စနစ်အသစ်နဲ့ လေဆာအသုံးပြု အကွာအဝေးတိုင်းစနစ်တွေ ထည့်သွင်းတပ်ဆင်ထားတယ်လို့ ယူဆရကြောင်း Army Recognotion ရဲ့ သတင်းက ပြောပါတယ်။

မြန်မာစစ်တပ်က အခုအသုံးပြုနေတဲ့ အဲဒီတင့်ကားတွေမှာ တပ်ဆင်ထားတဲ့ 2S1 ကိုယ်ထည်ဟာ ဆိုဗီယက်ထုတ် MT-LB ကျည်ကာပတ္တာကြိုးဘီးကားရဲ့ ကိုယ်ထည်ပေါ်မှာ အခြေခံထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီယာဉ်ရဲ့ စတီးဂဟေပတ်လည်ဆက်ထားတဲ့ ကိုယ်တွင်းခန်းမှာ အပိုင်း သုံးပိုင်းခွဲခြားထားတယ်လို့ဆိုပါတယ်။ ယာဉ်ရဲ့ အရှေ့ဘယ်ဘက်ခြမ်းမှာ ယာဉ်မောင်းခန်းဖြစ်ပြီး ယာဉ်မောင်းခန်းရဲ့ အနောက်မှာ အင်ဂျင်ကိုတပ်ဆင်ထားပါတယ်။ သေနတ်သမားအတွက်အခန်းကတော့ ယာဉ်ရဲ့နောက်ဆုံးပိုင်းဖြစ်တယ်လို့ဆိုပါတယ်။ 

မြန်မာစစ်တပ်မှာ အသုံးပြုနေတဲ့ အဲဒီကားရဲ့ အောက်ပိုင်းစနစ်ဟာလည်း ဆိုဗီယက်ထုတ် MT-LB ပတ္တာကြိုးဘီးကားနဲ့ ဆင်တူပြီး နှစ်ဘက်လုံးမှာ အောက်တန်းလျှောက်ဘီးခုနှစ်လုံးစီပါဝင်တယ်။ Drive sprocket တွေက ရှေ့မှာရှိပြီး Idler ဘီးတွေကိုတော့ အနောက်ဘက်မှာတပ်ဆင်ထားပါတယ်။ ပတ္တာကြိုးထိန်းဘီးတွေလည်း မပါဝင်ဘူးလို့ ဆိုပါတယ်။ Suspension ရဲ့ အပေါ်ဘက်ခြမ်းတွေမှာ ကျည်ကာပြားတွေတပ်ဆင်ထားပါတယ်။ 

ဆိုဗီယက်ထုတ် 2S1 ကိုယ်ထည်ကို အသုံးပြုထားတာကြောင့် မောင်းနှင်သွားလာနိုင်စွမ်းဟာလည်း 2S1 နဲ့ဆင်တူလိမ့်မယ်လို့ ယူဆထားပါတယ်။ 2S1 မှာတော့ ရေအေးပေးစနစ် အသုံးပြုထားတဲ့ 4 Stroke, V8 ဒီဇယ်အင်ဂျင်ကို အသုံးပြုထားပြီး ရှေ့ဂီယာ ၅ ချက်နဲ့ နောက်ဂီယာ ၁ ချက် ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်မှာ အသုံးပြုနေတဲ့ အပေါ့စားတင့်ကားတွေမှာ အသုံးပြုထားတဲ့ ကိုယ်ထည်နဲ့ ဆင်တူတဲ့ 2S1 တင့်ကားတွေဟာ မြေပြင်မှာ အမြန်ဆုံး တစ်နာရီကို ၆၂ ကီလိုမီတာနှုန်းနဲ့ သွားလာနိုင်တယ်လို့ Army Recognition သတင်းမှာ ဖော်ပြထားပါတယ်။

Ref- Army Recognition

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013