တောင်ကိုရီးယား ဘတ်စ်ကားဂိတ်တခုတွင် မီးလောင်၊ ၆ ဦး သေဆုံး ဒီဗွီဘီ

593
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က ဘတ်စ်ကားဂိတ်တခုမှာ ဒီနေ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။
ဘတ်စ်ကားဂိတ်ရဲ့ မြေအောက်ဆောက် လုပ်ရေးဆိုက်မှာ ဂဟေဆော်ရင်း မနက် ၉ နာရီကျော်မှာ မီးထလောင်ခဲ့တာလို့ အာဏာပိုင်တွေက ယူဆကြပြီး မီးသတ်သမားတွေ ရောက်မလာခင် မိနစ် ၂၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုးလ်မြို့တော် မီးသတ်တပ်ဖွဲ့မှူးက ပြောပါတယ်။