
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရှောလီဝိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီဇင်ဘာ ၄ ရက် ည ၆ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်က သေနတ်တွေနဲ့ ခတ်ခဲ့တယ်လို့ အနီးအနား ရပ်ကွက်ဒေသခံတွေဆီက သိရပါတယ်။
အနီးအနား ဒေသခံတဦးက “အရင်က ရုံးပိတ်ထားတာကြာပြီ၊ ရုံးပြန်ဖွင့်တာ မကြာသေးဘူး၊ ဘန်ကာတွေနဲ့ စစ်သားတွေ ရုံးမှာစောင့်တယ်၊ ဗုံးပေါက်ပြီးတော့ သေနတ်တွေနဲ့ ရမ်းပစ်ကြသေးတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးသလို ဘယ်အဖွဲ့က လုပ်ဆောင်တာလဲ ဆိုတာကိုလည်း အတည်မပြုနိုင်သေးပါဘူး။
ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ရမ်းပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။