A d v e r t i s e m e n t With Us

ဖေ့စ်ဘွတ်လူမှုကွန်ရက်သုံးပြီး ပရဟိတလုပ်ငန်းတွေ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့သူ လူငယ်တဦးနဲ့ ဆက်သွယ်မေးမြန်းချက်

တကိုယ်တော် ပရဟိတသမားများ ကွန်ယက်ထူထောင်သူ လူငယ်တဦးဖြစ်တဲ့ မခင်နှင်းကြည်သာ ဟာ ပဉ္စမအကြိမ်မြောက်ချီးမြှင့်ပေးအပ်တဲ့ ပြည်သူ့ဂုဏ်ရည်အထူးဆု ရရှိခဲ့ပါတယ်။ မြန်မာပြည်သူလူထု​တွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး​ လူမှု​ရေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်​ နေသူ​တွေကို ပြည်ပ​ရောက်မြန်မာ​တွေက နှစ်စဉ်ချီး​မြှင့်​ ​ပေး​အပ်တဲ့​ ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်သန်းမြင့်အောင်က ရရှိပြီး ပြည်သူ့ဂုဏ်ရည်အထူးဆုတွေကိုတော့ ၀မ်းမိုးပရဟိတအဖွဲ့၊ ပန်းစကားအဖွဲ့တို့နဲ့အတူ လူငယ်တဦးဖြစ်တဲ့ မခင်နှင်းကြည်သာက ထူးထူးခြားခြား ရရှိခဲ့တာဖြစ်ပါတယ်။ တခါ သူဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်ကိုသုံးပြီး သူ့ရဲ့ ပရဟိတလုပ်ငန်းတွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့သူ လူငယ်တဦးလည်း ဖြစ်ပါတယ်။ မခင်နှင်းကြည်သာရဲ့ ပရဟိတလုပ်ငန်း လုပ်ကိုင်ခဲ့ပုံတွေအကြောင်း ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up