Home
မြန်မာသတင်း
ကန့်ဘလူတွင် စစ်တပ်က ဒီဇင်ဘာလအတွင်း အိမ်ခြေ ၂၃၀ ကျော် မီးရှို့ခဲ့ပြီး ပြည်သူ ၅ ဦးထက်မနည်း သတ်ဖြတ်
DVB
·
January 3, 2023
Kant Ba Lu SAC Fire

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကျေးရွာ ၉ ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်ပေါင်း ၂၃၃ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က သတင်းထုတ်ပြန်ပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတဦးက “ဇီးပင်သာရွာက ၆ တန်းကျောင်းသား မောင်သုတဇော်ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဂါးဂလော်ရွာက ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။ ဂါးဂလော်ရွာက ပြည်သူတွေ ဖမ်းဆီးခံရတာရှိပြီး စုံစမ်းနေဆဲဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲက ချောင်းကြားရွာ၊ ပင့်သာရွာ၊ ဝက်သအင်းရွာ၊ ဆူးတပ်ရွာ၊ လွှဲဆိပ်ရွာ၊ လက်ခုပ်ကုန်းရွာ၊ ဘောရွာ၊ ဂါးဂလော်ရွာ၊ မြိုင်သာယာရွာ စတဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံရတယ်၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးရာမှာ စစ်ကောင်စီတပ်နဲ့အတူ ပျူစောထီးတွေလည်း ပါဝင်ခဲ့တယ်၊ ဂါးဂလော်ရွာဆိုရင် ၂ ကြိမ် မီးရှို့ခံခဲ့ရတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်‌ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ကန့်ဘလူနယ်က ရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၈၉၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024