DVB Logo
Home
မြန်မာသတင်း
မုံရွာနှင့်ရွှေဘိုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
January 3, 2023
မုံရွာနှင့်ရွှေဘိုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ စစ်‌ကောင်စီတပ်နဲ့ ပျူစောထီး‌တွေကို ဇန်နဝါရီ ၁ ရက် ည ၉ နာရီခွဲက လက်နက်ကြီး အလုံး ၃၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force အဖွဲ့က ပြောပါတယ်။

Chindwin Attack Force အဖွဲ့ဝင်တဦးက “လက်နက်ကြီး၊ လက်နက်ငယ်‌တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာ၊ ထိခိုက်သေဆုံးတာ ရှိ‌ပေမဲ့ အရေအတွက်ကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ-၄/၅၊ Teachers People Defense Force PDF၊ Monywa Fighter Group၊ Spring Dove၊ ဝရဇိန်လက်နက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မုံရွာ) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်းက ပျူစောထီးအဖွဲ့တွေ နေထိုင်တဲ့ ဟင်္သာကြီးကျေးရွာကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁ ရက်ကစပြီး လက်နက်ကြီးတွေနဲ့ ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေကိုခေါ်ပြီး အနီးနားက ကျေးရွာတွေကို နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ၆၀ မမ လက်လုပ်စိန်ပြောင်းနဲ့ အခုလို တန်ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Brave Brothers (LDPF) မှ ဗိုလ်သံချောင်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလို ပစ်ခတ်ခဲ့ရာမှာ ပျူစောထီးအဖွဲ့တွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲအပြန်အလှန် ၄၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဟင်္သာကျေးရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့တွေက စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး အနီးနား ကျေးရွာတွေဖြစ်တဲ့ ကုလားမရွာ၊ လက်ကောက်ကျရွာနဲ့ မန်ကျည်းသုံးပင်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေရဲ့ နေအိမ် ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၁,၁၀၀ ကျော်လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013