DVB Logo
Home
မြန်မာသတင်း
၂၀၂၂ ခုနှစ်အတွင်း ကရင်နီဒေသ၌ တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၄၄ ဦး သေဆုံး
DVB
·
January 3, 2023
၂၀၂၂ ခုနှစ်အတွင်း ကရင်နီဒေသ၌ တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၄၄ ဦး သေဆုံး
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်မှာပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း တိုင်းပွဲပေါင်း ၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး  တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၄၄ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကလစပြီးတော့  ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိတော့  စစ်ကောင်စီတပ်သား စုစုပေါင်း ၁၆၉၂ ဦး သေဆုံးပြီး စစ်ကောင်စီယာဉ် ၅၈ စီး ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

PKPF ပြောခွင့်ရသူက “အဓိကကတော့ ပြည်နယ်မှာရှိတဲ့ local PDF တွေရယ်၊ EAO တွေရယ် ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ကောက်ယူတာပေါ့နော်။ အားလုံးပေါင်း အဖွဲ့အစည်း ၂၀ ဝန်းကျင်ရှိတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ထုတ်ပြန်ချက်အရ ကိုးကားရေးတယ်။ တချို့ ကျနော်တို့ ကိုယ်တိုင် ကြုံနေရတဲ့ တိုက်ပွဲတွေ ရှိတာပေါ့။ ကျနော်တို့နဲ့ နီးနီးကပ်ကပ်၊ ကျနော်တို့ ရှိနေတဲ့နေရာနဲ့ အနီးကပ်ရှိတဲ့နေရာမှာ တိုက်ပွဲဆိုရင် စကစ သေတာ ကျနော်တို့သိတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ကရင်နီဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်   ၂၀၂၂ နှစ်ကုန်အထိ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက်လက်နက်ကိုင်တပ်တွေအကြား  တိုက်ပွဲပေါင်း ၅၄၄ ကြိမ်ဖြစ်ပွားပြီး ၄၁၂ ကြိမ်ဟာ ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်တယ်။ 

ကရင်နီပြည်မှာ  စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၈၄ ကြိမ်ခဲ့ပြုလုပ်ခဲ့ရာမှာ  ၁၈၂ ကြိမ်ဟာ အခု ၂၀၂၂ ခုနှစ်အတွင်းမှာ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ကရင်နီတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်ဘက်ကလည်း  ၂၁၁ ဦးကျဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း အယောက် ၁၇၀ ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  အရပ်သား အယောက် ၂၈၀ ကို စစ်တပ်က မတရားဖမ်းဆီးခဲ့ပြီး၊ ဒေသခံပြည်သူ ၂၉၃ ဦးနဲ့ စစ်ဘေးရှောင်ပြည်သူ ၁၂၆ ဦးကို သတ်ဖြတ်ခံရကာ  ဘာသာရေး အဆောက်အဦ ၂၇ လုံးနဲဒ့ နေအိမ်အဆောက်အဦ ၁၃၀၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်း ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ်ကထက်တိုက်ပွဲတွေနဲ့ နှစ်ဖက် ထိခိုက်သေဆုံးမှု အရေအတွက် နှစ်ဆကျော်တိုးမြင့်လာကြောင်း စာရင်းအရ သိရပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ စစ်ကောင်စီဘက်က မြို့တွင်းတွေမှာသာ နယ်မြေစိုးမိုးမှုနဲ့ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်နိုင်ပြီး ကျေးရွာတွေမှာ အဓိက ထိန်းချုပ်နိုင်ကြောင်းလည်း ဆိုပါတယ်။

PKPF ပြောခွင့်ရသူက“တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ ဒီကျေးရွာတွေမှာ‌တော့ အဓိက ထိန်းချုပ်နိုင်တာမျိုး အဓိက တွေ့ရတယ်။ မြို့ပြတွေမှာတော့ အဓိက စစ်ကောင်စီက အဓိက ထိန်းချုပ်နိုင်တာကို တွေ့ရတယ်။ ဒါပေမဲ့ အများစု နယ်မြေတွေအရ ပိုင်းခြားကြည့်လိုက်မယ်ဆိုရင်တော့ EAO နဲ့ local PDF တွေကတော့ အများဆုံးထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရမှာပေါ့။”  လို့ ပြောပါတယ်။ 

ကရင်နီပြည်နယ်အတွင်း ဒလန်ရှင်းလင်းမှုက ၁၀ ယောက်လောက် ရှိခဲ့တယ်လို့ PKPF ပြောခွင့်ရသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013