
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြိုနယ် ကွန်တိုင်ကျေးရွာအုပ်စု ဝါချိလ့်မြောက်ကျေးရွာမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၁ နာရီ ကျော်လောက် တောဆင်းရိုင်းနင်းခံရတာကြောင့် အသက် ၁၈ အရွယ် လူငယ်တဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စံညှင်းဝေရွာသားတဦးက "သူက ကွန်တိုင်ကျေးရွာအုပ်စု ဝါချိလ်မြာက်ရွာက စံညှင်းဝေ ကျေးရွာမှာ လယ်အငှား လာလုပ်နေတဲ့ လူငယ်ပါ။ လယ်တဲကနေ အိမ်ကိုလာတဲ့အချိန် ဆင်ရိုင်းနဲ့တွေ့ပြီး နင်းသတ်ခံလိုက်ရတာ" လို့ ပြောပါတယ်။
မာမတ်ဇာယက်တူဆောင်း (အသက် ၁၈ နှစ်) ဟာ ကွန်တိုင်ကျေးရွာအုပ်စု၊ ဝါချိလ့်မြောက်ကျေးရွာကနေ စံညှင်းဝေကျေးရွာမှာ လယ်အငှား လာရောက် လုပ်နေသူဖြစ်ပြီး လယ်တဲမှ ရွာအပြန်လမ်းမှာ ဆင်နင်းခံခဲ့ရတာပါ။
ဒီဇင်ဘာ ၃၀ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်ကြပ်ပြင်ချေကျေးရွာမှ အသက် ၅၀ ကျော် လူကြီးတယောက် တောဆင်ရိုင်း အလိုက်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်မြို့နယေ နှန်းရာကုန်းကျေးရွာအုပ်စု၊ ကျောက်တော်ကြပ်ပြင်ချေကျေးရွာအုပ်စု၊ အုတ်ထောင်ကျေးရွာအုပ်စုနဲ့ စံညှင်းဝေကျေးရွာအုပ်စုတွေမှာ တောဆင်ရိုင်း အန္တရာယ် မကြာခဏ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။