DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း မြို့နယ် ၂ ခုတွင် ရဲစခန်းနှင့်ပျူစောထီးစခန်းများ တိုက်ခိုက်ခံရ
DVB
·
January 1, 2023
မကွေးတိုင်း မြို့နယ် ၂ ခုတွင် ရဲစခန်းနှင့်ပျူစောထီးစခန်းများ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက နယ်မြေရဲစခန်းတခုနဲ့ ပျူစောထီး စခန်းတခု တိုက်ခိုက်ခံရပြီး ရဲမေတယောက်သေဆုံး၊ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရေစကြို ပ.က.ဖ က သိရပါတယ်။

ပခန်းကြီးနယ်မြေရဲစခန်းနဲ့ ဂွေးချိုရွာပျူစောထီးစခန်းကို ဒီဇင်ဘာ ၃၁ ရက် မနက် ၅ နာရီ လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ရဲမေတယောက် သေဆုံးခဲပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

ပခန်းကြီးနယ်မြေရဲစခန်းကို သိမ်းပိုက်ရရှိဖို့ နီးကပ်နေတဲ့ အချိန်မှာ ပဒေသာမိုင်းတွေနဲ့ လမ်းကြောင်း ဖြတ်တောက်ခဲ့ပေမဲ့လည်း မနက်မိုးလင်းတဲ့ အချိန်မှာ စစ်ကူရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ သေဆုံး ထိခိုက်သူတွေ ရှိနိုင်လို့ အတိကျသိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေပြီး ပူပေါင်းအဖွဲ့တွေအနေနဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရဲဘော်ဝေကြီးက ဆိုပါတယ်။

မကွေးတိုင်း စလင်းမြို့နယ် ကံပြားနယ်မြေ ရဲစခန်းကို စလင်းပြည်သူ့ကာကွယ်ရးတပ်မတော်က ဒီဇင်ဘာ ၃၁ ရက် ည ၉ ခွဲ လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၁၀ မိနစ်လောက် အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး စလင်း PDF က ဒရုန်းနဲ့ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်း PDF တာဝန်ခံက ပြောပါတယ်။ 

စလင်း PDF တာဝန်ခံက “၁၀ မိနစ်လောက်ကြာတယ်။ လက်နက်ကြီး ၄ လုံးက စခန်းထဲ ကွက်တိ ကျတာပဲ။ ပြည်သူတွေ အတွက် နှစ်သစ်ကူးလက်ဆောင်ရယူပေးတာပါ” လို့ ပြောပါတယ်။ 

စလင်းမြို့နယ် ကံပြားနယ်မြေရဲစခန်းဟာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ အယောက် ၃၀ လောက် အထိုင်ချပြီး ကျေးရွာတွေကို ဖိနှိပ်ရေးယန္တယား အခိုင်အမာ တည်ဆောက်နေတဲ့ အဓိက ထောက်တိုင်ဖြစ်တယ်လို့ စလင်းဒေသခံတွေက ပြောပါတယ်။ 

၂၀၂၂ ခုနှစ်၊ မေ ၁၃ ရက်ကလည်း စလင်း PDF အခြေစိုက်စခန်းကို ကံပြာရဲစခန်းက တဆင့် စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ချောင်းဆုံကျေးရွာနားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အများပြား ထိခိုက်ကျဆုံးခဲ့ပါသေးတယ်။ 

တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013