DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်းကို KNLA သိမ်းပိုက်
DVB
·
January 1, 2023
ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်းကို KNLA သိမ်းပိုက်
Donate to DVB

KNU တပ်မဟာ ၆ နယ်မြေ၊ ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းက တောင်စွန်း နယ်ခြားစောင့်တပ်ဖွဲ့ (BGF) စခန်းကို KNLA က ဒီနေ့မနက် သိမ်းလိုက်ပြီလို့ KNU တပ်မဟာ ၆ သတင်းအရင်းမြစ်က ပြောပါတယ်။

ဒီနေ့ မနက် ၃ နာရီလောက်မှာ BGF စခန်း ၃ ခုထဲမှ ၂ ခုကို လောလောဆယ် သိမ်းထားပြီး လက်နက်ခဲယမ်းတွေလည်း အများပြားရရှိကာ စစ်ကောင်စီလက်အောက်ခံတပ်တွေ အထိနာ အကျဆုံး များတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းအရင်းမြစ်တဦးက ပြောပါတယ်။ 

“တိုက်ပွဲက ပြင်းထန်လာခဲ့သလို နှစ်ဖက်စလုံးက အထိခိုက်အကျဆုံးတွေ ရှိကြပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ မြေပြင်မှာအထိနာလာတော့ လေကြောင်းပစ်ကူပါ လက်ရှိ ပေးနေခဲ့ရာမှာ ဒေသခံ ၄ ယောက် လေယာဥ် ဗုံးဆထိမှန်ထားခဲ့တယ်။”

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးနားအပါအဝင် ဘုရားသုံးဆူအထိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  ပူးပေါင်းမဟာမိတ်အဖွဲ့တွေကြား ၂ ပတ်ကြာ တိုက်ပွဲ ပြင်းထန်နေတာကြောင့်  စစ်ဘေးရှောင် ၁၅၀၀ ကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013