Home
မြန်မာသတင်း
မြိတ်မြို့တွင် ကမ်းဝေးငါးဖမ်းလှေ မီးလောင်ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
December 31, 2022
322011584_567167765420206_3201047451692636499_n

တနင်္သာရီတိုင်း၊ မြိတ်မြို့ အမှတ် ၁ တံတားနားက ရေပြင်မှာ ဝါလတ်( ကမ်းဝေး ငါးဖမ်းလှေ)တစ်စီး စက်ခန်းထဲမှာ ဂက်စ်ပိုက်လိုင်းပေါက်ပြီး ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်းက မီးလောင်ခဲ့လို့  အမျိုးသား ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

“လှေက ဂက်စ်ပိုက်လိုင်းပေါက်ပြီး စက်ခန်းထဲမှာ မီးထလောင်တာ။ အခုတော့ငြိမ်းပြီ။ လှေအရှေ့တစ်ခြမ်းတော့ မြုပ်သွားတယ်” မြိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

လတ်တလော ထိခိုက်ဒဏ်ရာရတဲ့သူတွေကို မြိတ်ဆေးရုံသို့ပို့ထားတယ်လို့ ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။

ဒေသခံနာရေးကူညီမှုအသင်းက “ကျနော်တို့လည်း တိတိကျကျမသိရသေးဘူး။ ဆီသိုလှောင်ထားတာပေါက်သွားတယ်လို့ပြောတာပဲ။ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ တယောက်ကတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်”လို့ ဆိုပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့လှေဟာ တော်ဝင်ဆောင်းကုမ္ပဏီနဲ့ နေလစတိုးတို့က ပိုင်ဆိုင်တဲ့ စက်လှေဖြစ်တယ်လို့လည်း ကနဦးသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024