DVB Logo
Home
မြန်မာသတင်း
ကနီ၊ ဘုတလင်နှင့် မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
December 31, 2022
ကနီ၊ ဘုတလင်နှင့် မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ကနီနဲ့ ဘုတလင်မြို့နယ်မှာ ဒီဇင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းက စတင်ပြီး ညနေအထိ စစ်ကောင်စီတွေကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တခုဖြစ်တဲ့ ဘကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူက ပြောပါတယ်။

“ချင်းတွင်းမြစ်အတွင်းကနေ ကနီကို ဆန်တက်လာတဲ့ စစ်ကောင်စီကို အပြန်မှာ နေရာ ၃ နေရာက နေ ညနေ ၃ နာရီခွဲကျော် ၄ နာရီလောက်က ပစ်ခတ်ခဲ့တယ်။ ပထမနေရာက မင်းကုန်းရွာဆိပ်ကမ်းက တလုံး၊ ညောင်ဝန်းကျေးရွာနား ဆိပ်ကမ်းက တလုံးနဲ့ တဇယ်ချောင် မြစ်ရေဝင် အင်းပေါက်က တလုံး ပစ်လိုက်တာ မော်တော်ကတော့ ပျက်ပြီး မျောသွားတယ်။ စစ်ကောင်စီဘက်က အကျဆုံးများနိုင်တယ်။”

အခုလို ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်လို့ စစ်ကောင်စီတပ်က ည ၉ နာရီလောက်မှာ မုဌေါကျေးရွာကနေ သမင်ခြံကျေးရွာဘက်ကို လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့ ပေမဲ့ ရွာအတွင်း ကျရောက်ခြင်း မရှိခဲတာကြောင့် ဒေသခံတွေ အထိခိုက် မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဘုတလင်မြို့‌နဲ့ မုံရွာဘက်ကို သွားတဲ့လမ်းပေါ်မှာ  စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာ ၃၀ ရက် နေ့လယ် ၂ နာရီလောက်က  မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

Chindwin Brothers ခေါင်းဆောင်က “ဘုတလင်မြို့တောင်ဘက်အထွက်မှာ စစ်ကောင်စီကားကို မိုင်းဆွဲခဲ့တာ။ မိုင်းကတော့ ထိထိမိမိကို ဆွဲမိတယ်။ ဒါပေမဲ့ အသေစာရင်းကိုတော့ အတိကျ မသိရဘူး။ ဒဏ်ရာရတဲ့သူကတော့ များနိုင်တယ်လို့ ခန့်မှန်းတယ်။ ကျနော်တို့ဘက်က အကျအဆုံး မရှိခဲ့ဘူး”လို့  ဆိုပါတယ်။

အခုတိုက်ခိုက်တာကို ဘုတလင်မြို့ Chindwin Brothers၊ Anonymous Heroes ၊ bo Tite Maung မဟာမိတ်အဖွဲ့  ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့ဘက်ကို စစ်အင်းအာဖြည့်တင်ဖို့ရာ ထွက်လာတဲ့ စစ်ကောင်စီကားတစီးကို ဒီဇင်ဘာ ၃၀ ရက် ညနေ ၃ နာရီ ၄၉ မိနစ်က မြင်းမူမြို့နယ် ဝမ်းပြည့်နဲ့ အလ္လကပ္ပရွာ ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

People's Army To Fight Dictatorship အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ဒီကောင်တွေ စစ်ကိုင်းကနေ မြင်းမူအထိ စစ်ကားနဲ့လာတယ်။ မြင်းမူ အထက ၁ ထဲဝင်ပြီး ခရီးသည်ယာဉ် Express ကားကို သုံးပြီး မုံရွာဘက်ကို ထပ်ပြီးထွက်လာတယ်။ အဲဒီလို ထွက်လာတာကို သိလို့ မိုင်း ၂ ကြိမ်ဆွဲခဲ့တာ။ အသေအပျောက်ကတော့ မသိရသေးဘူး။ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီ ကားကတော့ အတော်လေးပျက်စီးသွားတယ်” လို့ ပြောပါတယ်။

စစ်ဆင်ရေးကို People's Army To Fight၊Dictatorship(PAFD)တပ်ခွဲ၊ DK PDF(MMU)၊ People's knight Defense Force Myinmu (PKDF-MMU)၊  TAUNGTHA People Defense Force (TTAPDF)နဲ့ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013