DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်များကို ကူညီမှုဖြင့် ညောင်အုတ်ဆရာတော်နှင့် ရွာခံ ၇ ဦးအား စစ်ကောင်စီ ဖမ်းဆီး
DVB
·
December 30, 2022
စစ်ရှောင်များကို ကူညီမှုဖြင့် ညောင်အုတ်ဆရာတော်နှင့် ရွာခံ ၇ ဦးအား စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ အင်းတိန်ကုန်း‌ကျေးရွာမှာရှိတဲ့ ညောင်အုတ် ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဆရာတော် ဦးဇဝန အပါအဝင် ဒေသခံ ၇ ယောက်အား စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုနဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သက်တော် ၄၉ နှစ်၊ ဝါတော် ၂၆ ဝါရှိတဲ့ ကျောင်းထိုင်ဆရာတော် ဦးဇဝနကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ စုစုပေါင်း အင်အား ၁၀၀ လောက်က ရိုက်နှက်ပြီး အကြမ်းဖက် ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီက ဆရာတော် ဦးဇဝနကို ဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာ ကွင်းဆက်တွေအဖြစ် စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အင်းတိန်ဖက် ကျေးရွာက ကျန်းမာရေးမှူးနဲ့ နောက်ထပ် ဒေသခံ ၆ ဦးကို ဒီဇင်ဘာ ၂၈ ရက်နေ့ညနေမှာ ထပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

ဆရာတော် ဦးဇဝနဟာ အရင်ကတည်းက ပရဟိတသမားဖြစ်ပြီး နိုင်ငံရေးနဲ့ ဆက်နွှယ်မှု မရှိပေမယ့် စစ်ဘေးရှောင်တွေကိုတော့ ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုခွင့်ပြုထားတယ်လို့ ရွာခံတွေက ပြောပါတယ်။ 

စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ PDF နဲ့တွေ့ဆုံခဲ့လို့ ကွင်းဆက်မိပြီး အဖမ်းခံရတာလို့ စွပ်စွဲ ပြောဆိုနေပေမယ့် အဲဒီအကြောင်းရာနဲ့ပတ်သက်လို့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ကရင်နီဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အင်းလေးဒေသထဲက ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ရွာတချို့မှာ လာရောက်ခိုလှုံနေရတဲ့ စစ်ဘေးရှောင်ဦးရေ ၁,၀၀၀ ကျော် ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013