DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၂ သန်းနီးပါးရှိလာ
DVB
·
December 30, 2022
စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၂ သန်းနီးပါးရှိလာ
1 / 5
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်ဟာ ၂ သန်းနီးပါး ရှိလာခဲ့ပြီဖြစ်တယ်လို့ ISP Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

ဒါဟာ အခုနှစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်အထိ စာရင်းပြုစုကောက်ယူထားခဲ့တာဖြစ်ပြီး စစ်အာဏာမသိမ်းမီကာလကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည်အရေအတွက်က တော့ ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာမသိမ်းခင်နဲ့ သိမ်းပြီးကာလနှစ်ရပ်စလုံးမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်ကလည်း ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ISP Myanmar က ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ နိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူဦးရေဟာ ၁ ဒသမ ၄ သန်းကျော်ထိ ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ အများဆုံး စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ အပါအဝင် နိုင်ငံအရှေ့တောင်ပိုင်း တနံတလျားက ထိခိုက်ခံစားရသူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက် အကူအညီပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013