Home
အနုပညာ
ဒေါနတော်လှန်ရေးရဲဘော်များ ရိုက်ကူးသည့် “ဖိုးမောင် ပြန်လာပြီ” ရုပ်ရှင်လက်မှတ်တစောင် ကျပ် ၂ သောင်းနှုန်းဖြင့် ကြည့်ရှုနိုင် (နမူနာ)
DVB
·
December 30, 2022

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ ဒေါနတော်လှန်ရေးရဲဘော်တွေ ရိုက်ကူးတဲ့ “ဖိုးမောင် ပြန်လာပြီ” ရုပ်ရှင်လက်မှတ်တစောင်ကို မြန်မာငွေကျပ် ၂ သောင်းနှုန်းနဲ့ ကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ် ထားပါတယ်။

ဒီကားကတော့ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာကြီးမင်းသုဝဏ်ရဲ့ "ဖိုးမောင် လာပြီ" ဆိုတဲ့ ကဗျာကိုကျောရိုးယူပြီးတော့ ရိုက်ကူးထားခဲ့တာဖြစ်ကာ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် တပ်စုမှူး တိုက်မောင်းက တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး ဒေါနစစ်ကြောင်းထဲမှာရှိတဲ့ ရဲဘော်တွေရော၊ တော်လှန်ရေးနယ်မြေထဲက ရဲဘော်တွေပါ စုပေါင်းသရုပ်ဆောင် ဖန်တီးထားကြတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ်အနား၊ ရွာတံခါးမှ

ကုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်

ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍

ထပ်ကြပ်ပေါ်လာ၊ အသံမှာကားညခါငါးထောင်၊ မောင်ဖိုးမောင်သည်

ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား၊ ကင်းသမားက

တံခါးကြီးအောက်၊ မလွယ်ပေါက်ကို

တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်

ယာတွင်အုပ်ဆောင်း၊ ဝဲတက်ချောင်းနှင့်

ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို

လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်

လူပင်လေလား၊ တစ္ဆေလား။

တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ

တစ်ယောက်တည်းပင်၊ ညဉ့်မှောင်တွင်၌

သူလျှင်ငါးရှာ၊ မကျွေးပါက

ထိုရွာသူသား၊ လူအများတို့

ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌

ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍

ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ

ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်

ရွာပေါ်လွှမ်းအောင်၊ ကုပ်ကျားဟောင်သည်

ဖိုးမောင် လာချိန် ပါတကား။

သို့ဖြစ်သော်ငြား၊ ခါတပါးသို့

တံခါးဝင်လို၊ သူမဆိုဘဲ

မောင်းကိုထုပါ၊ လူစုပါဟေ့

ရွာကိုဘေးမှ၊ ကာကွယ်ကြလော့

ဓားပြငါ့အား၊ ဖမ်း၍ထားဟု

စကားမဆုံး၊ ဟစ်အော်တုန်းတွင်

ဒိုင်းဒုန်းဒိန်းသံ၊ ရွာလုံးညံသည်ချောင်းယံ ပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း

ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍

ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။

ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့

မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ်အနား၊ ရွာတံခါးမှ

ကုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်

ဖိုးမောင်လာပြီ ဆိုဆဲပင်။ ။

တော်လှန်ရေးအတွက် ရန်ပုံငွေ ရရှိနိုင်ဖို့ ဖန်တီးတင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားလက်မှတ် တစောင်ကိုတော့ မြန်မာငွေကျပ် ၂ သောင်းနှုန်း သတ်မှတ်ထားပြီး စင်ကာပူဒေါ်လာ ၁၂ ဒေါ်လာ၊ အမေရိကန်ဒေါ်လာ ၁၀၊ ထိုင်းဘတ် ၃၀၀ စသဖြင့် သတ်မှတ်ထားပြီးတော့ သက်ဆိုင်ရာ နိုင်ငံတွေအလိုက် Fundraiser တွေကတဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဖိုးမောင်ပြန်လာပြီ” ရုပ်ရှင် ပြသမယ့် ပွဲစဉ်တွေ၊ လက်မှတ်ဝယ်ယူနိုင်မယ့် Fundraiser တွေနဲ့ အချိန်အသေးစိတ်ကိုတော့ ဖော်ပြပါ လင့်ခ်တွေကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

 🇲🇲 Myanmar 🇲🇲

Lucky2PDF

https://www.facebook.com/lucky2pdf

SR-21 Myanmar Support

https://www.facebook.com/profile.php?id=100070135953566

CDM Medical Network

https://www.facebook.com/cdmmn

Messenger 👉 http://m.me/cdmmn

April Roungni

https://www.facebook.com/CDM-and-IDPs-Supporting-Team.../

🇸🇬 SG 🇸🇬

We Are One

https://www.facebook.com/WeR1.sgsupport

Khine SG

https://www.facebook.com/khine.singapore?mibextid=LQQJ4d

The Myanmar People's Spring - ပြည်သူ့နွေဦး

https://www.facebook.com/TMPSfundraiser/

CSC - Singapore

https://www.facebook.com/CSC-Citizen-Support-Center...

🇺🇸US 🇺🇸

Spring Myanmar Society

https://www.facebook.com/SpringMyanmarSociety

Boston Free Burma

https://www.facebook.com/groups/3669963659763924

Helping Hands for Burma- H2B

https://www.facebook.com/H2BNYC/

🇬🇧 UK 🇬🇧

Uk2myanmar

https://www.facebook.com/profile.php?id=100080052974876

Click To Fight - UK

https://www.facebook.com/ClickToFightUK

Pyit Tine Htaung - UK

https://www.facebook.com/pyittinehtaunguk/

🇹🇭 Thailand 🇹🇭

Lucas Elias

https://www.facebook.com/profile.php?id=100081906817110...

နွေဦးထောက်ပို့&Support to Spring-mft/ehm

https://www.facebook.com/Supporting.mft.ehm?mibextid=ZbWKwL

တော်လှန်ကျန်းမာအနာဂတ်တို့ကမ္ဘာ

https://www.facebook.com/healthrevolutionnugaac

🇯🇵Japan🇯🇵

Nagoya ဗြဟ္မာစိုရ်နှလုံးသားပရဟိတအသင်း

https://www.facebook.com/brahmasohnalonether

Together with Satomi

https://www.facebook.com/togetherwithsatomi?mibextid=ZbWKwL

🇹🇼 Taiwan 🇹🇼

台灣聲援緬甸聯盟 Taiwan Alliance for Myanmar

https://www.facebook.com/TaiwanAllianceforMyanmar

🇨🇦 Canada 🇨🇦

2022 Bottle Depot အကောက်ခွန်

https://www.facebook.com/bottledepotminmin

🇲🇾 Malaysia 🇲🇾

နွေဦးထောက်ပို့&Support to Spring-mft/ehm

https://www.facebook.com/Supporting.mft.ehm?mibextid=ZbWKwL

🇰🇷 Korea 🇰🇷

GMSR Korea 글로벌 미얀마 봄혁명 연대 -တကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး

https://www.facebook.com/gmsr.korea/?mibextid=ZbWKwL

🇮🇪 Ireland 🇮🇪

CRPH Funding Ireland

https://www.facebook.com/CRPH-Funding-Ireland.../

🇳🇱 Netherlands 🇳🇱

Burma Matters

https://www.facebook.com/BurmaMatters

CRPH Support Group (Norway)

https://www.facebook.com/crphsupportgroupnorway

ပြည်သူ့ဂုဏ်ရည်အသင်း (UAE)

https://www.facebook.com/citizenofburmaawardmiddleeastregion

International Association Myanmar Switzerland

https://www.facebook.com/International-Association...

Ma Boke (Australia)

https://www.facebook.com/north.more.37

We love Myanmar

https://www.facebook.com/GenZRevolution2021/

🌐 Global

One-to-One CDM Campaign

https://web.facebook.com/OneToOneCDMCampaign

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024