DVB Logo
Home
မြန်မာသတင်း
နှစ်သစ်ကူးညတွင်ပျော်ပါးရန် စစ်ကောင်စီက ညမထွက်ရအမိန့် တစ်ညတာ ဖျက်သိမ်း
DVB
·
December 30, 2022
နှစ်သစ်ကူးညတွင်ပျော်ပါးရန် စစ်ကောင်စီက ညမထွက်ရအမိန့် တစ်ညတာ ဖျက်သိမ်း
Donate to DVB

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ  နှစ်သစ်ကူး  Countdown ပါတီပွဲ ကျင်းမှာဖြစ်လို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို တစ်ညတာ ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရက ဒီဇင်ဘာလ ၂၉ ရက်က ထုတ်ပြန်ကြေညာပါတယ်။

ပြည်သူ့ရင်ပြင်မှာ နိုင်ငံတကာနှစ်သစ်ကူးပွဲတော် (Countdown Party)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက်  ပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် မနက် ၄ နာရီ အထိ ခေတ္တပယ်ဖျက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နှစ်သစ်ကူးပွဲတော်မှာ ပြည်သူလူထုကို မီးရူးမီးပန်းတွေ ပစ်ဖောက်ပါက အရေးယူမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ Countdown Party ပါတီပွဲမှာတော့  မီးရှူးမီးပန်း ပစ်ဖောက်တာတွေအပြင် စတိတ်ရှိုးပွဲတွေပါ ထည့်သွင်းထားတယ်လို့ မြို့ခံတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ရပ်ကွက်ထဲမှာကျတော့ မီးရှုးမီးပန်းမဖောက်ရဘူး။ သူတို့ ကျတော့ လုပ်ချင်တာ လုပ်မယ်ဆိုတော့သဘော ဒီလိုလုပ်ပေးတာရည်ရွယ်ချက်ရှိတယ်။ နိုင်ငံတကာကို မြန်မာပြည်မှာ အေးချမ်းနေပါပြီ ပြည်သူတွေက ပျော်နေကြတယ်ဆိုပြီး ချပြတာ။”

ဒီလိုပျော်ပွဲရွှင်ပွဲတွေမှာ စစ်ကောင်စီဘက်က အသွင်ယူပြီးဗုံးဖောက်ခွဲမှာကိုလည်း ပြည်သူတချို့က စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့ခံတစ်ဦးက "ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေး ပြီးရင် ဗုံးဖောက်  PDFတွေလုပ်တယ်ဆိုပြီး ထိုးချ တာမွေနဲ့ဒလမှာ ဖြစ်တဲ့ ဗုံးပေါက်ကွဲမှုကိုကြည့်ရင် ပြည်သူက ဘယ်သူလုပ်လဲဆိုတာ သိတယ်။ အဲဒါကြောင့် ဒီလိုညတွေမှာ ဘယ်ကိုမှ မသွားတာကောင်းတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့  နှစ်သစ်ကူးည  Countdown Party ပွဲကို ရန်ကုန်တိုင်းအပြင် နေပြည်တော်မှာလည်း ကျင်းပဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013