Home
မြန်မာသတင်း
နောင်ချိုမြို့နယ်အစပ်တွင် PDF ၈ ဦး ပစ်သတ်ခံရ
DVB
·
December 30, 2022

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မတ္တရာမြို့နယ်အစပ်ရှိ နဂါးချောင်းအနီးမှာ ပစ်သတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၈ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့  တာဝန်နဲ့ ခရီးထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ထိပ်တိုက်တွေ့ဆုံပြီး ပစ်သတ်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သေဆုံးသူတွေက PDF တွေလို့သိထားပါတယ်။ စစ်တပ်က အဲဒီဘက်တကြောမှာ PDF တွေ ရှိတာ သိထားတာဒါကြောင့် ကင်းပတ်ကြတာပါ။ အဲ့ဒီမှာ ထိပ်တိုက်တွေ့ပြီး ရက်ရက်စက်စက် ပစ်သတ်ခံလိုက်ရတာ။ ဘယ်အဖွဲ့ အစည်းက PDF လည်းဆိုတာတော့ အတည်ပြုလို့ မရသေးဘူး" 

သတ်ဖြတ်ခံလိုက်ရတဲ့ PDF တွေနဲ့ ပတ်သက်ပြီး အဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအနီး ဆိုင်ကယ် ၄ စီး နဲ့ PDF ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024