DVB Logo
Home
မြန်မာသတင်း
NCA HIV/AIDS ဂေဟာတာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်
DVB
·
December 30, 2022
NCA HIV/AIDS  ဂေဟာတာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်
Donate to DVB

ရန်ကုန်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ မိဘမဲ့ကလေးငယ်တွေနဲ့ ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NCA HIV/AIDS  ဂေဟာတာဝန်ခံ ကိုရာဇာ (ခ) ကိုစိုးရာဇာထွန်းကို  ဒီဇင်ဘာ ၂၈ ရက် မနက်က အင်းစိန်အကျဥ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၃  နှစ်ချလိုက်တယ်လို့ ရှေ့နေ အသိုက်အဝန်းကနေ သိရပါတယ်။

ကိုရာဇာကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (ဂ)နဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်တာဖြစ်တယ်လို့  ရှေနေတစ်ဦးက  ပြောပါတယ်။

NAC စင်တာတာဝန်ရှိသူတစ်ဦးကလည်း "သူ့ကို ပုဒ်မ ၅၂ (ဂ)နဲ့ပဲချတာ တခြားအမှုတော့ မရှိတော့ ဘူးလို့သိရတယ်။ တစ်မှုတည်းပဲချတာ နှစ်မှုမဟုတ်ဘူး" လို့ ရှင်းပြပါတယ်။

ကိုရာဇာကို စစ်ကောင်စီတပ်က မတ်လ ၂ ရက်မှာ ဖမ်းဆီးခဲ့ပြီး  အရှေ့ဒဂုံမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013