
မြန်မာနိုင်ငံ ပြည်တွင်းမှာ ထုတ်ဝေတာ တနှစ်ပြည့်ပြီဖြစ်တဲ့ မဇ္ဈိမမီဒီယာဟာ မိုဘိုင်းဖုန်းတွေကနေ တဆင့် SMS သတင်းနဲ့ မိုဘိုင်းဖုန်း ရေဒီယို သတင်းနှစ်မျိုး စတင်ရောင်းချပြီလို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
ပြည်တွင်းသတင်း၊ အားကစားသတင်း၊ အနုပညာသတင်းနဲ့ ဖျော်ဖြေရေး သတင်းတွေကို SMS နဲ့ ဖြစ်စေ၊ ရေဒီယို အသံနဲ့ ဖြစ်စေ နားထောင်နိုင်မှာဖြစ်ပြီး ၁ ရက်ကို ၀န်ဆောင်ခ ကျပ် ၇၀ နှုန်းကျသင့်မယ်လို့ ဆိုပါတယ်။
အခုလို မိုဘိုင်းဖုန်းကနေ ရေဒီယို အသံနဲ့ ၀န်ဆောင်မှုပေးတာကို BBC မြန်မာပိုင်း အစီအစဉ်ကလည်း လုပ်ဆောင်နေသလို SMS နဲ့ သတင်းဝန်ဆောင်မှု ပေးတာကိုတော့ အလဲဗင်း မီဒီယာကလည်း လုပ်ကိုင်နေပါတယ်။