DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် ယမ်းကြိုချက်ရာမှ မတော်တဆမီးလောင်ပြီး PDF ရဲဘော် ၂ ဦး ဒဏ်ရာရ
DVB
·
December 29, 2022
ပေါက်မြို့နယ်တွင် ယမ်းကြိုချက်ရာမှ မတော်တဆမီးလောင်ပြီး PDF ရဲဘော် ၂ ဦး ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ယမ်းကြိုချက်ရာကနေ မတော်တဆ မီးလောင်မှုဖြစ်ပွားပြီး PDF ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Rocket Fighter လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းမှာ ဒီဇင်ဘာ ၂၉ ရက် မနက် ၉ နာရီလောက်က လက်နက်ခဲယမ်း ထုတ်လုပ်ဖို့ ဒယ်အိုးနဲ့ ယမ်းကြိုချက်ရာကနေ မတော်တဆ မီးလောင်မှုဖြစ်ပွားပြီး Rocket Fighter တပ်ဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Rocket Fighter တပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်လပြည့်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီမတော်တဆမီးလောင်မှုကြောင့် အသက် ၂၀ အရွယ် ရဲဘော်မှန်ကြောင်ရဲ့ မျက်နှာတခြမ်းနဲ့ အသက် ၁၉ နှစ်အရွယ် ရဲဘော်မဲကြီး လက်ဖျံမှာ မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ဆေးဝါးကုသပေးနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အခုလက်ရှိချက်နေတဲ့ ယမ်းက မီးအားများပြီး ထလောင်တာလို့ ထင်တယ်ဗျ။ အရင်ကတော့ ဒါမျိုး တခါမှမဖြစ်ဖူးဘူး။ ကျနော့်အနေနဲ့ လက်နက်ခဲယမ်းတွေ ထုတ်လုပ်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေပြီး နောက်ဆိုရင်တော့ အန္တရာယ်များလာတာကြောင့် သတိထားပြီး လုပ်ဆောင်ရမယ်” လို့ ဗိုလ်လပြည့်က ပြောပါတယ်။

Rocket Fighter လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ဟာ အရင်က ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ - SPGF နဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်နိုင်ဖို့ လက်နက်ခဲယမ်းတွေ ထုတ်လုပ်ပေးခဲ့သလို အခုလက်ရှိမှာတော့ ဒေဝယက္ခတပ်ဖွဲ့(ပေါက်) နဲ့ ပူးပေါင်းပြီး လက်နက်ခဲယမ်းမျိုးစုံ ကြိုးစားထုတ်လုပ်ပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013