DVB Logo
Home
မြန်မာသတင်း
ကလေးမြို့က CDM ဆရာဝန် ဒေါက်တာမြင့်မိုရ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
December 29, 2022
ကလေးမြို့က CDM ဆရာဝန် ဒေါက်တာမြင့်မိုရ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးပြည်သူ့ဆေးရုံက CDM လက်ထောက်ဆရာဝန် ဒေါက်တာမြင့်မိုရ်ကျော်ကို ဒီဇင်ဘာ ၂၆ ရက်က စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေါက်တာမြင့်မိုရ်ကျော်ဟာ ကလေးမြို့၊ မြို့သာရပ်ကွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အတွင်းကို ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက‌ ပြောပါတယ်။

ဒေါက်တာမြင့်မိုရ်ကျော်ဟာ ကလေးမြို့ မင်္ဂလာဉယျာဉ်ရပ်ကွက်မှာ ‘မြင့်မိုရ်ကျော်’ ‌ဆေးခန်း ဖွင့်လှစ်ထားပြီး စစ်တပ်အာဏာသိမ်းချိန်က စတင်ကာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဝန်တဦးဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဆရာက အာဏာသိမ်းကတည်းကစ CDM လုပ်ထားတာ။ ဆရာ့ကိုယ်ပိုင်ဆေးခန်းလည်း ဖွင့်ထားတယ်။ ဆရာဖမ်းခံရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ဆရာဖမ်းခံရပြီးရင် စစ်သားတွေ ရပ်ကွက်အတွင်းမှာ လာရောက်မွှေနှောက် ဖမ်းဆီးတာတွေလည်း လုပ်သေးတယ်။”

ဒေါက်တာမြင့်မိုရ်ကျော်ဟာ စစ်ကောင်စီရဲ့ သတင်းတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေဆီ ပေးပို့တာ၊ CDM ပြုလုပ်ထားပြီး တောတွင်းမှာ PDF တွေကို ဆေးကုသမှု ပြုလုပ်ပေးနေတဲ့ ဒေါက်တာကျော်နေဇာလှိုင်နဲ့ အဆက်အသွယ်ရှိတာ၊ မိမိကိုယ်တိုင်က PDF တွေကို ဆေးကုသမှုပေးတာတွေကို သူ့ရဲ့လက်ကိုင်ဖုန်းအတွင်းကနေ စစ်ဆေးတွေ့ရှိတာကြောင့် ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒေါက်တာမြင့်မိုရ်ကျော်‌ ဖမ်းဆီးခံရတဲ့နေ့မှာပဲ ကလေးမြို့၊ မင်္ဂလာဉယျာဉ်ရပ်ကွက်က ဒေသခံ အမျိုးသား ၂ ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ရာ တဦးဖမ်းဆီးခံခဲ့ရပြီး နောက်တဦးကတော့ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁,၀၀၀ ကျော်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၀၀ ကျော်ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ- ဒေါက်တာမြင့်မိုရ်ကျော်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013