DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက နေရပ်ပြန်ပို့သည့် ပလက်ဝစစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ
DVB
·
December 29, 2022
စစ်ကောင်စီက နေရပ်ပြန်ပို့သည့် ပလက်ဝစစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တကျော့ပြန် တိုက်ပွဲပြင်းထန်လာပြီးနောက် ပလက်ဝမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်နေကြတဲ့ အဘောင်သားကျေးရွာသားတွေကို စစ်ကောင်စီက နေရပ်ပြန်ပို့လိုက်တာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

အဘောင်သားကျေးရွာသားတွေကို စစ်ကောင်စီက ဒီဇင်ဘာ ၂၆ ရက်မှာ ပြန်ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး အထောက်အပံ့လည်း အလုံအလောက်မရရှိတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ အဘောင်သားကျေးရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ရွာသားတွေကို စစ်တပ်က တပ်မမှူးကိုယ်တိုင်က လိုက်ပို့ပေးတာ။ ကျနော်တို့ကို ချက်ချင်းပြန်ခိုင်းတာ ဖြစ်တယ်။ လူတယောက်ကို ငွေ ၃၀,၀၀၀ ပဲ သူတို့ဆီက ထောက်ပံ့ကြေးပေးတယ်။ အဲဒီ ၃၀,၀၀၀ က ဘယ်လိုမှအဆင်မပြေဘူး။ တောင်ယာလုပ်စားဖို့ကလည်း အချိန်မမီတော့ဘူး။ လောလောဆယ်တော့ စားဝတ်နေရေး တော်တော်လေးကို ခက်ခဲနေတယ်။”

ကျေးရွာအနီးက တောတောင်တွေမှာ မိုင်းရှင်းလင်းပေးထားတာလည်း မရှိသေးတာကြောင့် တောင်ယာတွေမှာလည်း လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေတယ်လို့ သူက ဆက်ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေကို အောက်တိုဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီခန့် ချင်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦသန့်ဇင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

နေရပ်ပြန်ပို့ခံလိုက်ရတဲ့ အဘောင်သားကျေးရွာမှ အိမ်ထောင်စု ၁၀၁ စုက လူဦးရေ ၄၄၈ ယောက်ဟာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဇူလိုင်လကတည်းက ပလက်ဝမြို့ပေါ် တိမ်းရှောင်နေကြရတာပါ။

မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၁၄၀,၀၀၀ နီးပါး ရှိနေတယ်လို့ ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013