Home
မြန်မာသတင်း
ဒီပဲယင်းရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် မီးရှို့၊ နေအိမ် ၇၀၀ ကျော် ဆုံးရှုံး
DVB
·
December 29, 2022
322235912_1177612369531147_5043908868650186313_n
322969557_689626239531334_4244309990700698622_n
322590323_1165610574079078_2631220184883508338_n
322585192_847148456371187_8080643034683378371_n

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၇၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြည်ရွာနဲ့ ဘုရားထွက်ကျေးရွာကို စစ်ကောင်စီအင်အား ၆၀ လောက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “စစ်တပ်က ကျေးရွာကို နှစ်ဖွဲ့ခွဲပြီးဝင်တာ။ ရွာအရှေ့က တဖွဲ့၊ ရွာအနောက်က တဖွဲ့၊ အင်အား ၆၀ လောက်နဲ့ ၂၇ ညကတည်းက ဝင်ပြီးမီးရှို့တာ။ ၂၈ ရက် မနက်ကလည်း မလောင်သေးတဲ့အိမ်တွေ ထပ်ရှို့တယ်။ နေအိမ် ၇၀၀ ကျော်လောက် မီးရှို့ခံရတယ်။ မီးရှို့ခံထားရတဲ့ အလောင်းတလောင်းလည်း တွေ့တယ်။ ဘယ်သူဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ဝင်ရောက်လာလို့ ကြည်ရွာနဲ့ ဘုရားထွက်ကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေစဉ် နေအိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် ဘုရားထွက်ကျေးရွာက နေအိမ် ၄၀၀ ကျော်နဲ့ ကြည်ရွာက နေအိမ် ၃၀၀ ကျော် မီးလောင်ခဲ့ပြီး ရွာလုံးကျွတ်နီးပါး ဆုံးရှုံးခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်က ပျံကျကျေးရွာက နေအိမ် အလုံး ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကြည်ရွာက ကလေးငယ်သုံးဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024