Home
မြန်မာသတင်း
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖြစ်ရန် ရှမ်းပြည်လူမှုအဖွဲ့များ တောင်းဆို
ပိုင်စိုး
·
May 22, 2014

ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့၊ တိုင်းရင်းသား ပြည်သူလူထုအားလုံး လက်ခံတဲ့ အခြေခံဥပဒေ ပေါ်ပေါက်လာအောင် လုပ်ဖို့အတွက် ရှမ်းပြည်နယ်က လူမှုအဖွဲ့အစည်း ၆၀ လောက်က ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

10396433_395094563961608_1633481132_nတောင်ကြီးမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး ပွဲကနေ အချက် ၇ ချက်ကို တောင်းဆိုလိုက်တာပါ။

ရှမ်းပြည်နယ်တ၀န်းက လူမှုအဖွဲ့အစည်း ၅၈ ဖွဲ့ လက်မှတ်ရေးထိုးထားတဲ့ အဲဒီ တောင်းဆိုချက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်တာကို အားပေးဖို့လည်း တောင်းဆိုထားတယ်လို့ တောင်ကြီးမြို့ အလင်းသစ်အဖွဲ့ဝင် ကိုအောင်ဇော်ဝင်းက ပြောပါတယ်။

ပြီးတော့ တိုင်းရင်းသား ဒေသတွေမှာ သယံဇာတတူးဖော်တဲ့အခါ ပွင့်လင်း မြင်သာဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒီဆွေးနွေးပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ၀န်ကြီးတချို့နဲ့ မော်ထိုင်းအာမီ (MTA)၊ ABSDF မြောက်ပိုင်း အဖွဲ့တွေလည်း တက်ရောက်ခဲ့ပါတယ်။

လူမှုအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကို မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု စင်တာ၊ လွှတ်တော်တွေ၊ အပစ်ရပ်အဖွဲ့တွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024