DVB Logo
Home
မြန်မာသတင်း
လသာ‌မြို့နယ်ထွေအုပ်ရုံးကင်းတဲ လက်ပစ်ဗုံးဖြင့် အပစ်ခံရ
DVB
·
December 28, 2022
လသာ‌မြို့နယ်ထွေအုပ်ရုံးကင်းတဲ လက်ပစ်ဗုံးဖြင့် အပစ်ခံရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ် ၄ ရပ်ကွက် လသာလမ်းရှိ  အထွေထွေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့က စစ်ကောင်စီကင်းတဲကို ဒီ‌ဇင်ဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲနာရီ၀န်းကျင်က  လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force က ပြောပါတယ်။

"လသာလမ်းထဲက ရဲစခန်းမျက်စောင်းထိုးလေးတင်ပဲ။ မြို့နယ်ထွေအုပ်ရုံးရှေ့က ခွေးကင်းတဲကို မင်းကွတ်သီးတလုံးကျွေးခဲ့တာ၊ နားရွက်တံတွေးစွတ်ပေးလိုက်တယ်"  လို့ Freeland Attack Force (FLA) တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်း မီဒီယာချန်နယ်တွေမှာတော့ အထိအခိုက်မရှိဘူးလို့ ငြင်းဆိုထားပေမယ့် စစ်ကောင်စီအဖွဲ့ဝင်တွေရှိတဲ့ ကင်းတဲထဲ တိုက်ရိုက်ပစ်ထည့်ခဲ့တာကြောင့် ထိခိုက်မှုရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

"ရဲစခန်းအရှေ့တင်ဆိုတော့ ကားလမ်းကူးတာနဲ့ သူတို့ရောက်လာနိုင်တာကြောင့် အထိအခိုက်ကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။ သူတို့ဘောမချန်နယ်တွေမှာတော့ မထိဘူးပြောပေမယ့် စခတွေရှိတဲ့ ကင်းတဲထီးထီးကြီးထဲ ပစ်ထည့်ခဲ့တာ။" 

အခုတိုက်ခိုက်မှုကို Freeland Attack Force (FLA) နဲ့ မဟာမိတ်အဖွဲ့‌တွေဖြစ်တဲ့ Emerald Girls Army (EGA) ၊ Revolution of 21 Century အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ ဘန်ကာကင်းအနီးမှာ ဗုံးထပေါက်တာဖြစ်လို့ စစ်သားအများစု ထွက်ပြေးကြပြီး ဒဏ်ရာရသူ ရှိတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ဗုံးပေါက်တော့ ရုံးရှေ့မှာ ရပ်ထားတဲ့ ကားတောင် ဗုံးစတွေထိတာ စစ်သားတွေလည်းထိတယ်။ ဘယ်သူမသွားတော့ဘူး ရမ်းသန်းပြီး စစ်တပ်က ဖမ်းမှာစိုးလို့ ။ အခုတောင် စစ်တပ်ရော ရဲရော ရောက်နေပြီ။"

လသာမြို့နယ်ရုံးရှေ့ စစ်ကောင်စီတပ်တွေ စောင့်နေတဲ့ လုံခြုံရေးယူထားတဲ့ ဘန်ကာကင်းအနီးမှာ ဗုံးပေါက်ကွဲခဲ့တာမှန်ပေမဲ့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးကတော့ ဒီဗွီဘီ ကိုပြောပါတယ်။

"ဘန်ကာကင်းနားမှာ ဗုံးပေါက်တာတော့ မှန်တယ်။ ဒဏ်ရာရသူတော့ မရှိဘူး။ ကားတစ်စီးကတော့ ဗုံးစတွေထိသွားတယ်"လို့ ပြောပါတယ်။

လတ်တလောမှာ လသာမြို့နယ်ထွေအုပ်ရုံးရှေနဲ့ လသာလမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

မကြာခင် နှစ်သစ်ကူးပွဲတော်တွေ ရှိလာနိုင်တဲ့အပေါ်  မစ်ရှင်တွေလုပ်ဆောင်ရာမှာ အခက်အခဲတွေ ရှိနိုင်သလို စစ်ကောင်စီရဲ့ လုပ်ဇာတ်ထဲ ဝင်သွားမှာစိုးရိမ်တဲ့အတွက် ပြည်သူတွေ သတိနဲ့ ပျော်ပါးကြဖို့လည်း Freeland Attack Force က သတိပေးပြောပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၂၈ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013