DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းနှင့် မတ္တရာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
December 28, 2022
သပိတ်ကျင်းနှင့် မတ္တရာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ တောင်တလုံးရွာနဲ့ အင်ပျံရွာအကြားမှာ ဒီဇင်ဘာ ၂၈ ရက် မနက် ‌၆ နာရီလောက်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါယာဉ်တန်းဟာ တပ်မ ၈၈ ကဖြစ်ပြီး ခြောက်ဘီးကား ၃ စီးနဲ့ ဆယ့်နှစ်ဘီးတွဲကား ၁ စီးပါကာ ထီးချိုင့်မြို့နယ်အတွင်း ရွာစဉ်မီးရှို့စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီယာဉ်တန်းဟာ ထီးချိုင့်မြို့နယ်က ပြန်လာတာဖြစ်ပြီး ‌သပိတ်ကျင်းမြို့နယ်အတွင်း ဖြတ်သန်းလာစဉ် မန္တလေး-ဗန်းမော်ကားလမ်းကြောပေါ်မှာ ပဒေသာမိုင်း ၃ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံးနဲ့ မနက် ၆ နာရီခွဲက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်ကားတွေဟာ ဘေးကိုယ်ထည်မှာ သံအထူတွေကပ်ထားပြီး ကိုယ်ထည်ထူတဲ့အတွက် ထိခိုက်ဒဏ်ရာသာရနိုင်ပြီး သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ပ.က.ဖ(တကောင်း) ကနေ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းရဲ့ ၂ စီးမြောက် ဖောကားတစီးသာ ထိခိုက်မှုရှိခဲ့ကြောင်း၊ မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီယာဉ်တန်းကနေ ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ပကဖ တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သတ်မှတ်ထားတဲ့ အချိန်အတွင်းသာ ကားလမ်းကို အသုံးပြုကြဖို့၊ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ဝေးရာကနေ မောင်းနှင်ကြဖို့၊ အိမ်စီးကားတွေ မှန်ချမောင်းနှင်ကြဖို့ကိုလည်း ပ.က.ဖ(တကောင်း) ကနေ အသိပေး ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ကျေးရွာမှာ တပ်စွဲထားတဲ့ ရေကြောင်းလုံခြုံရေး ကင်းစခန်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းပဒေသာ ဗုံးသီး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ABRFA Madaya တာဝန်ခံက ပြောပါတယ်။

အဆိုပါကင်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၅ ယောက်လောက်ရှိပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။

“တိုက်ခိုက်ချိန်မှာတော့ သူတို့ PT တန်းနေချိန်မှာ မစ်ရှင်လုပ်တာဆိုတော့ အထိအခိုက် ရှိတယ်လို့ သိရတယ်။”

တိုက်ခိုက်မှုအပြီး နာရီဝက်အကြာမှာ စပိဘုတ်တစီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ပေမဲ့ ခဏအကြာမှာ အောက်ကို ပြန်စုန်ဆင်းသွားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ABRFA Madaya၊ ဒေါင်းစစ်သည် မတ္တရာ၊ Sky Hero Madaya၊ Unicorn Guerrilla FoRce ပြောက်ကျားတပ်ဖွဲ့ စစ်ကိုင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013