DVB Logo
Home
မြန်မာသတင်း
တရားမဝင်မြန်မာ ၃၅ ဦး ဘတ် ၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးခံရ
DVB
·
December 28, 2022
တရားမဝင်မြန်မာ ၃၅ ဦး ဘတ် ၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးခံရ
Donate to DVB

ထိုင်းမြန်မာနယ်စပ် ပရကျူပ်ခီရီခန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးကို ဘန် ၂ သန်းကျော်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး၊ ထိုင်းပွဲစား ၆ ဦးတို့နဲ့အတူ ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

နယ်ခြားစောင့်တပ်၊ လဝက ရဲတပ်ဖွဲ့ နဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၂၆ ရက် ညက ပရကျူပ်ခီရီခန်ခရိုင် ထပ်စကယ်မြို့နယ် ဖစ်ကဆဲမ်လမ်းမကြီးပေါ်ရှိ ဟွေ့ယန်းစစ်ဆေး ရေးဂိတ်မှာ ယာဉ်အသွားအလာတွေကို စစ်ဆေးစဉ် မသင်္ကာဖွယ် ဟိုင်းလပ်စ်ကား ၂ စီးကို တားဆီးစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ 

အဆိုကား ၂ စီးဟာ နောက်ခန်းကို သံနဲ့အခန်းဖွဲ့ကာ တာလပတ်တွေနဲ့ လွှားထားကြောင်း၊ ပထမ ၁ စီးမှာ အပြာရောင် အီဇူးစူးကားဖြစ်ပြီး ကားရှေ့ခန်းမှာ အသက် ၂၆ နှစ်ရွယ် ယာဉ်မောင်း ထိုင်းအမျိုးသား နဲ့ ၂၇ နှစ်ရွယ်အမျိုးသမီး ဘေးကလိုက်လာတယ်လို့ ဆိုပါတယ်။ 

ဒုတိယ ၁ စီးမှာ အဖြူရောင်အီဇူးစူးကားဖြစ်ပြီး အသက် ၂၀ နဲ့ ၂၇ နှစ်ကြား ထိုင်း ၄ ဦး လိုက်ပါလာကြောင်း၊ ကား ၂ စီးလုံးရဲ့ နောက်ခန်းက တာလပတ်တွေကိုဖယ်ရှားရာမှာ ကုန် တင်ခန်းထဲကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၃၅ ဦး (ကျား ၂၇ ဦး ၊ မ ၈ ဦး) တို့ကို တွေ့ရှိတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် အသက် ၂၇ နှစ်ရွယ်ရှိ မြန်မာအမျိုးသား စိုးလင်းဆိုသူရဲ့ အိတ်ထဲကနေ ၁ ထုတ်ကို အိုက်စ်မူးယစ်ဆေး အလေးချိန် ၁ ကီလိုစီပါသော အထုတ် ၂ ထုတ် သိမ်းဆည်းရမိကြောင်း၊ အဆိုပါ အိုက်စ်ဆေးမှာ ကာလတန်ဖိုး ဘတ် ၂ သန်း ၄ သိန်းရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ အဆိုပါမြန်မာနိုင်ငံသားတွေဟာ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း ထားဝယ်ဒေသတွေကဖြစ်ပြီး ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ကို အလုပ်သွား လုပ်ဖို့ဖြစ်ကြောင်း၊ လိုရာခရီးရောက် ပွဲစားကို ၁ ဦးလျှင် ဘတ် ၂၀၀၀၀ ပေးရမှာဖြစ်ပြီး အချို့ ကတော့ မလေးရှားနိုင်ငံဘက်ကို ဆက်ကူးသွားမယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ဥပဒေအရအရေးယူဖို့  မြို့နယ်ရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းထားတယ်လို့ ခေါဝ်ဆွတ်ထုင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013