DVB Logo
Home
မြန်မာသတင်း
ဘုတလင်တိုက်ပွဲတွင် PDF ရဲဘော် ၁ ဦး ကျဆုံး၊ ကန့်ဘလူမြို့နယ်၌ ရွာသား ၁ ဦး အသတ်ခံရ
DVB
·
December 27, 2022
ဘုတလင်တိုက်ပွဲတွင် PDF ရဲဘော် ၁ ဦး ကျဆုံး၊ ကန့်ဘလူမြို့နယ်၌ ရွာသား ၁ ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အုတ်ဖိုကျေးရွာအနီးမှာတော့  ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ဘုတလင်မြို့နယ်စခန်းက စစ်ကောင်စီတပ် စစ်ကြောင်းတကြောင်းနဲ့ စိုင်ပြင်ရဲစခန်းက စစ်ကြောင်းတကြောင်း၊ စုပေါင်းစစ်ကြောင်းနှစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးက “မနက်ခင်း ၃ နာရီလောက်ကတည်း ဘုတလင်ရဲစခန်းကနေ စစ်ကြောင်းတကြောင်း အုတ်ဖိုရွာဘက်ကို ထွက်တယ်။ နောက်ပြီး စိုင်ပြင်စစ်ကြောင်းကလည်း အုတ်ဖိုဘက်ကို ထွက်လာတယ်ဗျ။ သူတို့ တပ်နှစ်ခုပေါင်းပြီး ပစ္စည်းအလဲအလှယ် ယူကြတဲ့သဘောဗျ။ အဲဒါပြီးတော့ သူတို့လာလမ်းအတိုင်း ပြန်တဲ့အချိန်ကို ကျနော်တို့ ဒေသခံအဖွဲ့တွေက ဝင်တိုက်တာဗျ။ ဘုတလင်ဘက်ပြန်တဲ့ စစ်ကြောင်းလည်း အလစ်ဝင်တိုက်တယ်။ စိုင်ပြင်ဘက်ပြန်တဲ့ စစ်ကြောင်းလည်း အလစ်ဝင်တိုက်တယ်ဗျ။ ဘုတလင်ဘက်ပြန်တဲ့ စစ်ကြောင်းကို မြို့သချောင်းလမ်းပေါ်မှာ တိုက်ခဲ့တယ်။ အဲဒီစစ်ကြောင်းကတော့ မိုင်းကောင်းကောင်းမိသွားတယ်။” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ဘုတလင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ တပ်ရင်းတွေ၊ LOCAL PDF အဖွဲ့ပေါင်းစုံနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက် ထိခိုက်ကျဆုံးရှိနိုင်ပေမဲ့ အတိအကျတော့မသိရသေးပါဘူး။ 

“စစ်‌ကောင်စီဘက်က အကျအဆုံးကတော့ များတယ်ဗျ။ ကားကြီး ၂ စီးနဲ့ ဘုတလင်ဈေးရုံကို သယ်သွားရတယ်။ စိုင်ပြင်ပြန်တဲ့ စစ်ကြောင်းကတော့ လက်ပံလမ်းပေါ်မှာ တိုက်ခံရတယ်။ အထိအခိုက်ကတော့ များတယ်။ စစ်ကောင်စီ အသေအပျောက်ကတော့ အတိအကျမ သိရသေးဘူးဗျ။ ကိုယ့်ဘက်ကတော့ ဒို့ညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဦးအောင်သိန်းထွန်း အသက် ၄၀ ကို  စစ်ကောင်စီက ဖမ်းဆီးပြီး ဆိုင်ကယ်နဲ့တွဲပြီး မီးရှို့သတ်ထားခဲ့တယ်။”လို့ ဘုတလင် PDF ခေါင်းဆောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်မှာတော့ ဂါးဂလော်ရွာကို စစ်တပ်က ဒီဇင်ဘာ ၂၃ ရက်မှာ ဝင်ရောက်ပြီးနောက်  ကျေးရွာသားတဦးကို သတ်ဖြတ်ထားခဲ့တဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းလှတက်ကြွသူများအဖွဲ့ တာဝန်ခံက “ရွာကို နှစ်ကြိမ်ဝင်တယ်ဗျ။ ပထမအကြိမ်က ဒီဇင်ဘာ ၁၇ ရက်နေ့က ဝင်တယ်ဗျ။ အဲမှာ ရွာကို မီးရှို့တယ်။ ရွာသား ၃ ဦးကို မီးရှို့ပြီး သတ်ထားခဲ့တယ်။ နောက်ထပ် ရွာသား ၂ ဦးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီး အလောင်းကို ပစ်ထားခဲ့ကြတယ်။အဲဒါပြီးတော့ ဇင်းကျေးရွာဘက်ကို ထွက်သွားတယ်။ အဲ ဇင်းရွာကနေ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထပ်ပြီး ဒုတိယအကြိမ် ထပ်ဝင်တယ်ဗျ။ အခုအကြိမ်ကတော့ ကိုသောင်းနိုင်ဦး (၃၅ နှစ်) နှိပ်စက်ပြီး သတ်ခံထားရတဲ့ အလောင်းကို မနေ့က တွေ့ရှိခဲ့ရတယ်ဗျ။ နောက်ထပ် ပျောက်ဆုံးနေသေးတဲ့ ရွာသား ၅ ဦး ရှိနေသေးတယ်။ အဲ့အထဲမှာ အမျိုးသမီး ၂ ဦးလည်း ပါနေတယ်” လို့ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013