DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ကျော်ပါ စက်လှေ ၁ စီး အင်ဒိုနီးရှားကမ်းခြေကို ထပ်မံရောက်ရှိလာ
DVB
·
December 27, 2022
ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ကျော်ပါ စက်လှေ ၁ စီး အင်ဒိုနီးရှားကမ်းခြေကို ထပ်မံရောက်ရှိလာ
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ကမ်းခြေတနေရာမှာ ဒီဇင်ဘာ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်လောက်က ရိုဟင်ဂျာ ဒုက္ခသည် ၁၈၅ ဦးတင်ဆောင်လာတဲ့ စက်လှေတစ်စင်း ထပ်မံဆိုက်ကပ်လာလို့ ဒုက္ခသည်တွေကို အင်ဒိုနီးရှား အာဏာပိုင်တွေက အရေးပေါ် ဆေးကုသပေးနေတယ်လို့  ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR သတင်းအရ သိရပါတယ်။

အခုရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး အယောက် ၇၀  နဲ့ ကလေး ၃၂ ဦး ပါ၀င်ပြီး သူတို့အားလုံးနီးပါးက  ပိန်လှီနေကာ တချို့မှာ ရေဓာတ်ခမ်းခြောက်မှု ပြင်းထန်စွာ ခံစားနေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ စက်လှေဟာ နိုဝင်ဘာလ စတုတ္ထပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကနေ ထွက်လာခဲ့ကြတဲ့ စက်လှေ ၆ စီးထဲက တစီးဖြစ်ပြီး သူတို့နဲ့ မရှေးမနှောင်း ထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၁၈၀ လောက်ပါတဲ့ စက်လှေတစီးကတော့ အစာရေပြတ်ပြီး ပင်လယ်မျောနေရင်းနဲ့ နစ်မြုပ်သွားပြီလို့ ယူဆရကြောင်း  UNHCR    သတင်းထုတ်ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် နေ့ကလည်း  ရိုဟင်ဂျာ ၅၈ ယောက်ပါတဲ့ စက်လှေငယ်တစီး အင်ဒိုနီးရှားနိုင်ငံ အာချေးဘီဆာခရိုင်ရှိ အင်ဒရာပတ်ထရာကမ်းခြေကို  ကမ်းကပ်လာတာကြောင့်  ဒေသခံရွာသားတွေက ကယ်ဆယ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ရိုဟင်ဂျာ ၂၂၉ ဦး တင်ဆောင်လာတဲ့  စက်လှေ ၂ စီး ဆိုက်ရောက်လာခဲ့ပြီး  အခုဆိုရင် အင်ဒိုနီးရှားက ကယ်တင်ထားတာ စက်လှေ ၄ စီး ရှိသွားပြီ ဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအတွင်းမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ပိုတိုးလာပြီး ရေကြောင်းခရီးနဲ့ ထွက်ခွာသူပေါင်း အယောက်  ၁၉၂၀ လောက်ရှိပြီလို့ UNHCR ရဲ့ စာရင်းတွေအရ သိရပါတယ်၊

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013