DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် CDM ဝန်ထမ်းအပါအဝင် ၅ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချ
DVB
·
December 27, 2022
မိုးကုတ်တွင် CDM ဝန်ထမ်းအပါအဝင် ၅ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့က CDM ဆရာဝန်တဦးနဲ့ CDM ထွေအုပ်ဝန်ထမ်းတဦးအပါအဝင် ဖမ်းဆီးခံထားရသူ ၅ ဦးကို စစ်ကောင်စီက တရားရုံးက  ဒီဇင်ဘာ ၂၆ ရက်မှာ  ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

မိုးကုတ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက CDM ဝန်ထမ်း ကိုငြိမ်းချမ်း၊ သူ့ရဲ့ဇနီးဖြစ်သူ မမိုးမိုးထွေးအောင်၊ ဖြူသေး (ခ) ကိုတင်ထွန်းအောင်၊ ကိုခန့် (ခ) ခန့်မင်းပြည့်နဲ့ မိုးကုတ်ပြည်သူ့ဆေးရုံက CDM ဆရာဝန် ဒေါက်တာရွှေရည်ဝင်းတို့ကို စစ်တပ်ကဖမ်းဆီးပြီး တနှစ်အကြာမှာ သပိတ်ကျင်းခရိုင် တရားရုံးကန အမိန့်ချမှတ်ခဲ့တာလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“လေး​ယောက်က ဖမ်းခံထားရတာ တနှစ်ပြည့်ပြီ၊ အတူတူ အဖမ်းခံထားရတာ၊ ကိုငြိမ်းချမ်းတို့ နေအိမ်လည်း ချိပ်ပိတ်ခံထားရတယ်။ သူက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ဆိုတော့ စစ်မေးရင်း ပုဒ်မ ၅၀ ထိ စွဲချက်တင်ခံရတာ။ သူ့မိန်းမကတော့ ဘာမှမလုပ်ဘူး၊ ဖမ်းခံထားရတယ်။”

CDM ထွေအုပ်ဝန်ထမ်း ကိုငြိမ်းချမ်းတို့ ဇနီးမောင်နှံမှာ  အသက် ၃ နှစ်၊ ၉ နှစ်နဲ့ ၁၂ နှစ်အရွယ် သားသမီးငယ် သုံးယောက် ကျန်နေပြီး အမျိုးတွေက စောင့်ရှောက်ပေးထားရတယ်လို့ သိရပါတယ်။

စစ်တပ်က ကိုငြိမ်းချမ်းတို့ကို မနှစ်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အိုးဘိုထောင်မှာ အကျဥ်းချခံထားရပြီးနောက် တနှစ်အကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ- ကိုငြိမ်းချမ်း၏ဇနီး မမိုးမိုးထွေးအောင်ပုံ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013