DVB Logo
Home
မြန်မာသတင်း
ရန်ပုံငွေအခက်အခဲကြောင့် မြိတ်မြို့ရှိ နာရေးကူညီမှုအသင်းများ ရပ်တည်ရန်ခက်ခဲ
DVB
·
December 26, 2022
ရန်ပုံငွေအခက်အခဲကြောင့် မြိတ်မြို့ရှိ နာရေးကူညီမှုအသင်းများ ရပ်တည်ရန်ခက်ခဲ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပရဟိတ နာရေးကူညီမှုအသင်းတွေဟာ ရန်ပုံငွေအခက်အခဲရှိနေပြီး ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

နာရေးကူညီမှုအသင်းသားတဦးက “အခုချိန်မှာ ဆီဈေးတွေကြီးတော့ အလှူခံပြီး လုပ်နေရတယ်။ နယ်ဝေးဆိုတော့ ပိုက်ဆံပိုတောင်းရတာပေါ့။ တတ်နိုင်တဲ့သူတွေကတော့ ပိုပေးကြတယ်။ အခုချိန်မှာတော့ အခြေအနေကြည့်ပြီး လုပ်နေရတာပါ” လို့ ပြောပါတယ်။

နာရေးကူညီမှုအသင်းတွေဟာ ရန်ပုံငွေအခက်အခဲ ရှိနေပေမဲ့ အရေအတွက်တော့ ပိုပြီးများလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပရဟိတ နာရေးကူညီမှုတွေအသင်းတွေ များလာတာဟာ ကားတစီးနဲ့ တသင်း ထောင်ထားတဲ့သူတွေလည်း ရှိတယ်လေ။ မာရှယ်လောကတော့ ပုံမှန်မရှိဘူး။ လမ်းခရီးကတော့ သွားလို့ရရင်သွားတယ်။ မသွားရရင် အိပ်စောင့်ပေါ့။ အားလုံးအတူတူပဲလေ။ ကျနော်တို့က လူနာကိုပဲ အဓိကထားပြီး လုပ်သင့်တာတွေ လုပ်ရတာပေါ့” လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

မြိတ်မြို့မှာ နာရေးကူညီမှုအသင်း ၆၀ နီးပါးလောက်ရှိပြီး  အသင်းကြီးတွေကတော့ ၁၀ သင်းလောက်ပဲရှိကာ အများစုက အသင်းငယ်လေးတွေဖြစ်တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013