DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် မြနန္ဒာစစ်ဆင်ရေးစတင်၊ စစ်ကောင်စီတပ်ကားများ တိုက်ခိုက်ခံရ
DVB
·
December 26, 2022
မန္တလေးတိုင်းတွင် မြနန္ဒာစစ်ဆင်ရေးစတင်၊  စစ်ကောင်စီတပ်ကားများ တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်းအတွင်း မြနန္ဒာစစ်ဆင်ရေးစတင်နေရာမှာ ပုသိမ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ လိုက်ထရပ်ကားတစီးကို ဒီဇင်ဘာ ၂၅ ရက်၊ နေ့လယ် ၃ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကားနောက်ပိုင်းထိမှန်ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ NGU :FF မြေခွေးတပ်ဖွဲ့က ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ  မြကံသာရွာမြောက်ဘက် အယ်လ်ဖာဘိလပ်မြေစက်ရုံ အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားဟာ မတ္တရာမြို့ကနေ ပုသိမ်ကြီးကို မောင်းလာစဉ် ကားမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မြနန္ဒာစစ်ဆင်ရေးအဖြစ် မဟာမိတ်ညီလေးတွေနဲ့ပေါင်းပြီး လုပ်တာပါ။ အဲဒီကားက Non CDM တွေကို ကြိုပို့လုပ်နေတဲ့ကား။ ရုံးပိတ်ရက်ဆိုတော့ Non CDM မပါဘူး။ စစ်သားကတော့ ၆ ကောင် ၇ ကောင် အမြဲပါတယ်။ ကားမိုင်း ၂ လုံးဆွဲခဲ့တာ၊ ကားနောက်ပိုင်း ပျက်စီးသွားတယ်၊ ထိတဲ့လူတွေလည်းရှိတယ်။”

အလားတူ ဒီဇင်ဘာ ၂၅ ရက် ညနေ ၆ နာရီလောက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၆ လမ်း ၅၁ လမ်းရှိ အ.ထ.က ၂၉ ကျောင်းမှာ စခန်းချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဘန်ကာထဲကို လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားတယ်လို့ NGU :FF မြေခွေးတပ်ဖွဲ့က ပြောပါတယ်။

အ.ထ.က ၂၉ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာမှာ ကျောင်းသားကျောင်းသူတွေကို မထိခိုက်စေချင်တာကြောင့် ကျောင်းပိတ်ရက်ကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦးရဲ့ ခေါင်းပေါ်ကို ဗုံးထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အ.ထ.က ၂၉ ကျောင်းထဲ အရေးပေါ်ကားတစီး ဝင်သွားတာ တွေ့ရပြီး စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေနဲ့ နီးကပ်စွာမနေဖို့နဲ့ MOD နဲ့ မန္တလေးတိုင်းအတွက် တာဝန်ရှိသူတွေ၊ Fundraiser တွေက မြနန္ဒာစစ်ဆင်ရေးကို ထောက်ပံ့ပေးကြဖို့ NGU :FF မြေခွေးတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာလည်း ညောင်တိုအုပ်စု အုပ်ချုပ်ရေးမှူး ဦးပြေအေးနဲ့ သားဖြစ်သူတို့ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီလောက်က သေနတ်နဲ့ပစ်သတ်ခံရပြီး အလောင်းလာသယ်တဲ့ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သေနတ်သံတွေ ကြားရတယ်၊ ညလည်းဖြစ်နေတော့ သွားမကြည့်ရဲဘူး။ ခဏနေတော့ အုန်းဆိုတဲ့ အသံကြီးလည်း ကြားရတယ်။ ကားသံတွေ အများကြီးလည်း ကြားရပြီး အုပ်ချုပ်ရေးမှူးနဲ့ သူ့သားတို့ ပစ်သတ်ခံရတယ်။ နေရာတင် သေဆုံးသွားတယ်ဆိုတာ ရွာထဲမှာပြောနေတာ သိရတယ်။”

ကျေးရွာ ၇ ရွာပါဝင်တဲ့ ညောင်တိုကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး ဦးပြေအေးနဲ့ သားဖြစ်သူ စိုင်းမြင့်အောင်ပြေ (ခ) ပုလုံးတို့ဟာ PDF တွေကို  ဓာတ်ပုံနဲ့တကွ လိုက်လံရှာဖွေနေကာ ကျင်းရွာ၊ သဲတောလေးရွာ၊ တဲစုရွာ၊ ခင်ကြီးရွာ၊ သခွတ်မြင့်ရွာက ပြည်သူတွေအနေနဲ့ PDF တွေကို ရွာထဲကိုအဝင်မခံဖို့ လော်စပီကာနဲ့ လိုက်လံကြေညာခဲ့သူတွေဖြစ်တယ်လို့ ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအဖွဲ့ (WTRF) ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူး ဦးပြေအေးဟာ ကျေးရွာနေပြည်သူတွေအပေါ် အမြဲတမ်း အနိုင်ကျင့်နေတာကြောင့် WTRF က ပစ်ခတ်ရှင်းလင်းခဲ့တာလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက် ညကလည်း သဲတောလေးရွာခွဲ အုပ်ချုပ်ရေးမှူး ဦးမောင်ရှိန် ပစ်သတ်ခံခဲ့ရသလို ဝမ်းတွင်းမြို့နယ်မှာ ဒီဇင်ဘာလအတွင်း  အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်သတ်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013