DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၁ ဦး ရွှေဆိုင်ကိုဝင်လုထွက်ပြေးပြီး ထိုင်းရဲမှူးအိမ်ဝင်းထဲ ဝင်ပုန်းမိကာ ဖမ်းဆီးခံရ
DVB
·
December 26, 2022
မြန်မာအလုပ်သမား ၁ ဦး ရွှေဆိုင်ကိုဝင်လုထွက်ပြေးပြီး ထိုင်းရဲမှူးအိမ်ဝင်းထဲ ဝင်ပုန်းမိကာ ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘော်နယ်မြေထဲမှာ ဒီဇင်ဘာ ၂၄ ရက်က မြန်မာရွှေ့ပြောင်းလုပ်သား တယောက်  ရွှေဆိုင်ကို ဝင်ရောက်လုယက်ပြီး နယ်မြေခံရဲမှူးအိမ်ဝင်းထဲ ဝင်ရောက်ပုန်းခိုမိလို့  အဖမ်းခံလိုက်တယ်လို့ Thailand News သတင်းမှာ ဖော်ပြပါတယ်။

အဲဒီနေ့ မနက်ပိုင်းက အင်္ကျီဖြူ ဘောင်းဘီနက် ၊ ဦးထုပ်နက်နဲ့ နှာခေါင်းစည်းတပ်ထားသူ အမျိုးသား တယောက်ဟာ ဘန်ဘော်ဈေးကြီးနားမှာဖွင့်ထားတဲ့ ထိုင်း ဆီရီရွှေဆိုင်ထဲကို ဝင်ရောက်လာကြောင်း ၊ သူဟာ ရွှေဝယ်မလိုလိုနဲ့ ဆွဲကြိုးတွေကို တောင်းကြည့်ပြီး ဘတ် ၁ သိန်းခွဲတန် ဆွဲကြိုး ၅ ကုံးကို လုယုကာ ဈေးထဲကိုဝင်ရောက် ပျောက်ကွယ်သွားတယ်လို့ ရွှေဆိုင်အရောင်းဝန်ထမ်းက တိုင်ကြားလာကြောင်း ဘန်ခွန်ထိန်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရဲတွေက စီစီကင်မရာလိုက်ကြည့်ပြီး သူ့ကိုလိုက်လံရှာဖွေစဉ်မှာ တာဝန်သိပြည်သူတွေက အဆိုပါသူခိုးဟာ အင်္ကျီလဲပြီး ဈေးအနောက်ဘက်က ခြံဝင်းထဲဝင်သွားကြောင်း သတင်းပေးတာကြောင့် ရဲတွေဟာ အဆိုပါအိမ်ဝင်းထဲကို လိုက်လာခဲ့ကြပါတယ်။ 

အဆိုပါအိမ်မှာ တိုင်းဒေသ ၇ ဒုရဲမှူးချုပ် ဝရာယုဒ် ဆုခဝပ်ရဲ့ နေအိမ်ဖြစ်နေပြီး ဈေးပိုင်ရှင်လည်းဖြစ်ကြောင်း၊ သူခိုးဟာ အိမ်ဝင်းထဲက သစ်ပင် တပင် ရဲ့ ၃ မီတာ အမြင့်ပေါ်တက်ပြီး ပုန်းနေတာလို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သူဟာ မြန်မာရွှေ့ပြောင်းလုပ်သား  သက်ဦး ( ၃၀ နှစ်) ဖြစ်ပြီး စက်ရုံ တရုံမှာ တလ ဘတ် ၅၀၀၀ နဲ့ အလုပ်လုပ်နေကြောင်း၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုကိုလစဉ်ပြန်ထောက်ပံ့ရလို့ လစာမလောက်ငှတာကြောင်း အတိုးနဲ့ငွေချေးထားတာ အကြွေး ဘတ် ၇၀၀၀၀ တင်နေပြီး လစဉ်အတိုး ဘတ် ၃၀၀၀ ပေးရေတာကြောင့် ကြံမိကြံရာ အခုလိုကျူးလွန်ရတာလို့ ဝန်ခံသွားပါတယ်။

လုယူသွားတဲ့ ရွှေဆွဲကြိုး ၅ ကုံးအနက် ၃ ကုံးသာပြန်ရပြီး နောက် ၂ ကုံးကတော့ ဈေးထဲမှာ ပြေးရင်းလွှားရင်းကျပျောက်သွားတယ်လို့  ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူ့ကိုလိုအပ်သလိုအရေးယူဖို့ ဘန်ခွန်းထိန်းနယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာဖော်ပြပါတယ်။

ကိုးကား- FCML

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013