DVB Logo
Home
မြန်မာသတင်း
တေးရေး တေးဆို ကိုင်ဇာတင်မုံ ကွယ်လွန်
DVB
·
December 26, 2022
တေးရေး တေးဆို ကိုင်ဇာတင်မုံ ကွယ်လွန်
Donate to DVB

အော်တာနေးတစ်သီချင်းတွေ၊ ပန့်ခ်ဂီတတွေနဲ့ လူငယ်ပရိသတ်တွေရင်ထဲ ရောက်ရှိခဲ့တဲ့ တေးရေး တေးဆို ကိုင်ဇာတင်မုံက ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က နေအိမ်မှာ ကွယ်လွန်သွားကြောင်း  သူနဲ့ နီးစပ်တဲ့အနုပညာ အသိုင်းအဝိုင်းထံက သိရပါတယ်။

“Golden City နေအိမ်မှာပဲ ဆုံးတာ ရုတ်တရက်နှလုံးရပ်သွားတယ်လို့ သိရတယ်” လို့ သူနဲ့ နီးစပ်သူ တဦးက အတည်ပြုပြောပါတယ်။

ကိုင်ဇာတင်မုံ ရုတ်တရက် ကွယ်လွန်သွားတဲ့အပေါ် အဆိုတော် ဟန်ထူးလွင်၊ သားစိုးနဲ့ တခြားသော လုပ်ဖော် ကိုင်ဖက်တွေ၊ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား မျှဝေထားကြပါတယ်။

ကိုင်ဇာတင်မုံဟာ  “ အတ္တငါ ၊ ရွှံ့ဆေးခြေထောက် ၊ မျက်နှာ ၊ သူတို့ထွက်လာပြီ” အစရှိတဲ့ အယ်လ်ဘမ် ၄ ခွေ ထွက်ရှိထားခဲ့ပြီး  ဆေးလိပ်၊ အာကာသပြတိုက်၊ ဂြိုဟ်သား လူသား စတဲ့ သီချင်းများကတော့ သူ့ရဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကျော်ကြားခဲ့တဲ့ သီချင်းတွေဖြစ်ပါတယ်။

ကိုင်ဇာတင်မုံဟာ ကွယ်လွန်ချိန်မှာ အသက် ၄၃ နှစ်ရှိပြီးဖြစ်ပြီး ၁၉၉၈ ခုနှစ်က ညီအစ်ကို သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ Query Query Band “အတ္တငါ” အယ်လ်လမ်နဲ့ ဂီတလောကထဲကို စတင်ရောက်ရှိလာခဲ့တာပါ။

လက်ရှိမှာ Antibiotics အဖွဲ့ကို တည်ထောင်ထားခဲ့ပြီး လူငယ်ကြိုက် တေးသီချင်းများစွာကို ရေးစပ် သီဆိုခဲ့ကာ အထူးသဖြင့်  ၂၀၀၀ ပြည့်လွန်နှစ်ကာလတွေမှာ လူသိများခဲ့တဲ့ အဆိုတော်ဖြစ်ပါတယ် ။

သူ မကွယ်လွန်ခင်အချိန် ၂၀၂၂ ခုနှစ်ထဲမှာပဲ “သို့ အသင်းတော်” ၊ “မြင်ပီလား’ စတဲ့ သီချင်းသစ် ၂ ပုဒ်ကိုလည်း ဖန်တီးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013