
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာ တချို့ကို ဒီဇင်ဘာ ၂၃ ရက်မှာ တောဆင်ရိုင်းအကောင် ၂၀ လောက် ဝင်ရောက်မှုကြောင့် ဥယျာဉ်ခြံထဲက စိုက်ခင်းတွေနဲ့ လူနေတဲ ၁၀ လုံးလောက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက “ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကျနော်တို့ စိုက်ခင်းတွေဆီကို ဆင်သားပေါက် အပါအဝင် အကောင် ၂၀ လောက်ဝင်လာတယ်။ နေအိမ် ၁၀ လုံးနဲ့ စိုက်ခင်းတွေ ဖျက်ဆီးပြီး နောက် တနေ့မှာပဲ ပြန်ထွက်သွားကြတယ်”လို့ ပြောပါတယ်။
ဥယျာဉ်ခြံလုပ်ကိုင်နေသူ တဦးက “ကျနော်တို့က ဥယျာဉ်တွေဆီကို အလုပ်လုပ်တဲ့ အချိန်လောက်ပဲ ရောက်တယ်။ တချို့ဥယျာဉ်ထဲမှာတော့ လူတွေ ရှိတယ်။ လူတွေကိုတော့ ဘာအန္တရာယ်မှ မလုပ်ပါဘူး”လို့ ဆိုပါတယ်။
တောဆင်ရိုင်းတွေကို အများအားဖြင့် ဘုတ်ပြင်းမြို့နယ်ထဲမှာ မကြာခဏတွေ့ရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း တောဆင်ရိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး သတိပေးစာတွေကို လည်း ကြေညာထားပါတယ်။