DVB Logo
Home
မြန်မာသတင်း
မန္တလေး မြန်မာ့စီးပွားရေးဘဏ် အစောင့်တပ် တိုက်ခိုက်ခံရ
DVB
·
December 26, 2022
မန္တလေး မြန်မာ့စီးပွားရေးဘဏ် အစောင့်တပ်  တိုက်ခိုက်ခံရ
Donate to DVB

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊  ၈၅ လမ်း၊ ၈၆ လမ်းကြား ၂၆ ဘီလမ်းပေါ်က မြန်မာ့စီးပွားရေးဘဏ် ၃ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၅ ရက် မနက် ၁၁ နာရီလောက်က လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Voice Of Mandalay အဖွဲ့က သိရပါတယ်။

Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက "သူတို့ စောင့်နေတာက ၇ ယောက်လောက်ရှိတယ်။ ဘန်ကာထဲ လက်ပစ်ဗုံးပေါက်ပြီး သူတို့ဘက်က ပြန်ပစ်တယ်"လို့ ပြောပါတယ်။

ဘန်ကာထဲ လက်ပစ်ဗုံး ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဘက်က  ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့  ဆိုပါတယ်။ 

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်စွဲထားတဲ့ နေရာတွေ၊ ကားတန်းတွေ နားမှာ အနီးကပ်မနေကြဖို့ သတိပေးထားပါတယ်။

အမှတ် ၁၀ မြို့နယ် ရဲစခန်း ရဲလိုင်းခန်းကိုလည်း ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်က ဗုံးပစ်တိုက်ခိုက်ခဲ့လို့ ဒုတပ်ကြပ်နေအိမ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း မန္တလေးတိုင်းထဲမှာ စစ်ကောင်စီ ပစ်မှတ်တွေကို ဒေသကာကွယ်ရေး တပ်တွေနဲ့ ပြောက်ကျားတပ်တွေရဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013