DVB Logo
Home
မြန်မာသတင်း
NUG ဂျပန်ရုံးနှင့် နွေဦးတော်လှန်ရေး အင်အားစုများတွေ့ဆုံ၊ အကျဉ်းထောင်မှ ပြန်လွတ်လာသည့် ဒါရိုက်တာ ကူဘိုတာ တက်ရောက်
DVB
·
December 26, 2022
NUG ဂျပန်ရုံးနှင့် နွေဦးတော်လှန်ရေး အင်အားစုများတွေ့ဆုံ၊ အကျဉ်းထောင်မှ ပြန်လွတ်လာသည့် ဒါရိုက်တာ ကူဘိုတာ တက်ရောက်
1 / 4
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်တွေနဲ့ ဂျပန်နိုင်ငံရှိ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၅ ရက်က တိုကျိုမြို့မှာ ကျင်းပရာမှာ မကြာသေးခင်ကမှ မြန်မာပြည်အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ဂျပန် ဒါရိုက်တာ တိုရူကူဘိုတာလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ ဂျပန်ဒါရိုက်တာ   တိုရူကူဘိုတာဟာ  ရန်ကုန်မှာ ဆန္ဒပြပွဲ ရိုက်ကူးနေတုန်း ဖမ်းဆီးခံရကာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပြီး နိုဝင်ဘာ ၁၇ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ  လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာကာ ဂျပန်နိုင်ငံကို ပြန်ရောက်ရှိလာခဲ့တာပါ။

စစ်ကောင်စီရဲ့ အကျဉ်းထောင်တွင်း အတွေ့အကြုံတွေနဲ့ သူ့ရဲ့မြန်မာပြည်အတွေ့အကြုံတွေကို ဂျပန်ဒါရိုက်တာ   တိုရူကူဘိုတာက ပြန်လည် မျှဝေသွားခဲ့ပါတယ်။

ဂျပန်ရောက်တော်လှန်ရေးအင်အားစုတွေနဲ့ NUG ဂျပန်ရုံးအကြား နွေဦးတော်လှန်ရေးကာလ အခုထက် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားနိုင်ဖို့ အခုလို ဒုတိယအကြိမ် လူထုနှင့် တွေ့ဆုံပွဲကျင်းပတာဖြစ်ပြီး NUG အစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် စောဘလှသိန်း ဦးဆောင်တဲ့ NUG  ဂျပန်ရုံးက တာဝန်ခံတွေက စတင်ဖွဲ့စည်းချိန်ကစပြီး  လက်ရှိလုပ်ဆောင်နေမှုတွေ  NUG ဂျပန်ရုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေကို ကဏ္ဍအသီးသီးအလိုက် ရှင်းလင်းပြောဆိုခဲ့ကာ ဂျပန်နိုင်ငံရောက်မြန်မာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဂျပန်အစိုးရရဲ့ မူဝါဒက နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် ဆက်ဆံနေတဲ့ အခြေအနေတွေကို စောင့်ကြည့်နေပြီး နိုင်ငံတကာအတိုင်း လိုက်လံပြောင်းလဲဆက်ဆံလာနိုင်တယ်လို့ စောဘလှသိန်းက ပြောကြားခဲ့ပြီး  နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်မီးကို အမြန်ငြိမ်းစေလိုတယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က တိုကျိုမြို့မှာ တရားဝင်စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013