DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်၌ စစ်ရေယာဉ် ၂ စီးကို ကာကွယ်ရေးတပ်များတိုက်ခိုက်၊ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်
DVB
·
December 25, 2022
ချောင်းဦးမြို့နယ်၌ စစ်ရေယာဉ် ၂ စီးကို ကာကွယ်ရေးတပ်များတိုက်ခိုက်၊ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းကို အင်အားလာဖြည့်တဲ့ စစ်ကောင်စီရေယာဥ် ၂ စင်းကို ဒေသခံကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ဒီဇင်ဘာ ၂၄ ရက်မှာ နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ Aung San Force - A.S.F  တပ်ဖွဲ့ထံက သိရပါတယ်။

မုံရွာမြို့ မင်းထောက်ဆိပ်ကနေ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ချင်းတွင်း မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဉ် ၂ စင်းကို Aung San Force - A.S.F မုံရွာခရိုင်အမှတ် (၅) တပ်ရင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ CKDF ၊ SGF ၊ Black Wolf Defense Force - Monywa တို့က ရှေ့ထွက်မိုင်းတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်တယ်လို့ မြေပြင်သတင်းတွေ ရရှိခဲ့တယ်လို့ ဆိုပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

မွန်းလွဲ ၂ နာရီခွဲလောက်မှာလည်း အမြင့်ဘက်ကနေ မုံရွာဘက်ကို ပြန်လည်ဆန်လာသော ရေယာဉ် ၂ စင်းကို ဒေသခံကာကွယ်ရေးတပ်တွေက နောက်ထပ် တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်တပ်က Mi 35 ရဟတ်ယာဉ်နဲ့ ချင်းတွင်းမြစ်ကြောင်းတလျှောက်လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီတပ်သားတွေရဲ့ အနီးတဝိုက်မှာ မနေကြဖို့ကိုလည်း သတိပေးထားပါတယ်။

ဒေသခံကာကွယ်ရေးမဟာမိတ်တပ်တွေဟာ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းကလည်း မုံရွာမြို့နယ်က ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ တောပုရွာကို လက်နက်ကြီးတွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013