DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ၏ ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးမှတ်တမ်းရုပ်ရှင် ပထမဆုကို ဒါရိုက်တာ Creatio ဖန်တီးသည့် XYZ and then A ဇာတ်ကား ရရှိ
DVB
·
December 25, 2022
ဒီဗွီဘီ၏ ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးမှတ်တမ်းရုပ်ရှင် ပထမဆုကို ဒါရိုက်တာ Creatio ဖန်တီးသည့် XYZ and then A ဇာတ်ကား ရရှိ
Donate to DVB

စစ်ပြေးဒုက္ခသည်အဖြစ် အကြိမ်ကြိမ် အခါခါ ထွက်ပြေးနေရတဲ့ ကရင်နီဒေသက တိုင်းရင်းသားလူမျိုးတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ဒါရိုက်တာ Creatio ဖန်တီးခဲ့တဲ့ XYZ and then A မှတ်တမ်းရုပ်ရှင်တို ဇာတ်လမ်းဟာ ဒီဗွီဘီက ပေးအပ်တဲ့ ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးရုပ်သံမှတ်တမ်းတို ပထမဆုကို ဆွတ်ခူးရရှိသွားပါတယ်။

ဒီဇာတ်လမ်းမှာ ‌စစ်ပွဲကြောင့် ပြည်သူတွေ ဆွေစဉ်မျိုးဆက် ထွက်ပြေးနေရတဲ့ သံသရာလည်နေတဲ့ ဇာတ်ကောင်ကို အခြေခံကာ ဒုက္ခသည်စခန်းမှာ နေထိုင်ကြရသူတွေရဲ့ ဘဝတွေကို ပုံဖော် ရုက်ကား တင်ဆက်ထားပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)က ပထမဆုံးအကြိမ် ကျင်းပတဲ့ ၂၀၂၂ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးရုပ်သံမှတ်တမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ဇာတ်လမ်းပေါင်း ၄၇ ကားထဲကနေ ၁၀ ကားကို ရွေးချယ်ကာ ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် ယူရိုငွေ ၃၅၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

အဲ့ဒီ ၁၀ ကားထဲကမှ ပထမဆုကို  မြန်မာနဲ့ နိုင်ငံတကာက လွတ်လပ်တဲ့ အတွေ့အကြုံရှိ  ဒိုင်လူကြီး ၅ ဦးက ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆုပေးပွဲကို ဒီဇင်ဘာ ၂၄ ရက် ညနေ အွန်လိုင်းကနေ ကျင်းပခဲ့တာဖြစ်ပြီး ဆုရုပ်တုနဲ့ ငွေသားယူရိုငွေ ၁၀၀၀ ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ပထမဆုရရှိတဲ့ ဇာတ်ကားကို  DVB TV ရုပ်မြင်သံကြားနဲ့  လူမှုကွန်ရက်မီဒီယာတွေကနေ ပြသနေပြီး ကျန်တဲ့ ဇာတ်ကား ၉ ကားကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013