DVB Logo
Home
မြန်မာသတင်း
ကလေးမြို့၌ စစ်တပ်ကင်းဂိတ် စီးနင်းခံရ၊ စစ်တပ်ပစ်ခတ်သဖြင့် အရပ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
December 25, 2022
ကလေးမြို့၌ စစ်တပ်ကင်းဂိတ် စီးနင်းခံရ၊ စစ်တပ်ပစ်ခတ်သဖြင့် အရပ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းမီးပွိုင့်ရှိ စစ်ကောင်စီကင်းတဲဂိတ်ကို ဒီဇင်ဘာ ၂၄ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ CDF-KKG  တပ်ဖွဲ့က  ပြောပါတယ်။

အခုလို ဝင်ရောက်စီနင်းခဲ့ရာ MA 2 သေနတ် တလက်နဲ့ ကျည်ဘောက် တခု၊ ကျည်ဆန်အတောင့် ၆၀ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တာဟန်းမီးပွိုင့်ရှိ စစ်ကောင်စီတပ်သားတွေက CDF-KKG တပ်ဖွဲ့ဝင်တွေ ချဉ်းကပ်လာတာကို မြင်တွေ့ခဲ့ပြီး ပစ်ခတ်မှုမရှိဘဲ သေနတ်ထားကာ ထွက်ပြေးသွားခဲ့တယ်လို့ CDF-KKG ရဲ့ တာဝန်ခံက ပြောပါတယ်။

"စစ်သားတွေက ကျနော်တို့အဖွဲ့ ချဉ်းကပ်လာတာမြင်တော့ လန့်ပြီး ထွက်ပြေးကြတာ။ အဲဒါ ကျန်ခဲ့တဲ့ သေနတ် တလက်နဲ့ ကျည်ဆန်၊ ကျည်အိမ်တွေရခဲ့တာ။ ကျနော်တို့လည်း စစ်ကူလာတယ် သတင်းရလို့ ချက်ချင်းပဲ လွတ်မြောက်နယ်မြေ ပြေးကြရတာ။"

အဲဒီနောက် စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့်ရောက်လာပြီး အနီးဝန်းကျင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ မနက် ၁၁ နာရီလောက်မှာပဲ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနဲ့ ဝယ်စလီဆေးရုံ လမ်းထောင့်မှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လို့ ဆိုင်ကယ်စီး အရပ်သား တယောက် သေဆုံးပြီး ၁ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပျဉ်းခုံကြီးရွာသားနှစ်ဦးဟာ ဆိုင်ကယ်တစ်စီးနဲ့ ဝယ်စလီဆေးရုံနားဖြတ်သွားစဉ် ပစ်ခတ်ခံ ရတာပါ။

ပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်မှာလိုက်ပါလာတဲ့  ချင်းအမျိုးသား U Thian Zei Thang (၃၅နှစ်)ရဲ့ ညာဘက်ရင်အုံ ထိမှန်ပြီး ‌ သွေးထွက်လွန်ကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားက‌တော့ လက်တစ်ဖက်ကို ကျည်ဆန်ထိမှန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူရဲ့အလောင်းကို ကလေးမြို့ကာယကံမေတ္တာ လူမှုကူညီမှုအသင်းက လာရောက် သယ်ဆောင်ပေးကြပြီး ကုတင် ၁၀၀ တပ်မတော်ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ ကာယကံမေတ္တာလူမှုကူညီရေးအသင်းရဲ့တာဝန်ခံက‌ ပြောပါတယ်။

ဓာတ်ပုံ-ကာယကံမေတ္တာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013