DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် စစ်ကောင်စီလုံခြုံရေးဂိတ်နှင့် စစ်ယာဉ်တန်းများ တိုက်ခိုက်ခံရ
DVB
·
December 25, 2022
မန္တလေးတိုင်းတွင် စစ်ကောင်စီလုံခြုံရေးဂိတ်နှင့် စစ်ယာဉ်တန်းများ တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီး မန္တလေး-ဗန်းမော် ကားလမ်းဆုံပေါ်ရှိ စစ်ကောင်စီလုံခြုံရေးဂိတ်ကို ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ကြာညှပ်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးတာဝန်ကျသူတချို့ သေဆုံးထိခိုက်ဒဏ်ရာရနိုင်တယ်လို့ ပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကြာညှပ်)ရဲ့ တာဝန်ခံက "သေနတ်ရော လွင့်ထွက်ပြီး လဲကျ သွားတာကိုပဲ မြင်ခဲ့ရတယ်။ နောက်ပိုင်းတော့ ကျနော်တို့လည်း တောက်လျှောက် မြန်မြန် ပြန်ဆုတ်ခဲ့တာဆိုတော့လေ။ အထိအခိုက်ကတော့ တော်တော်များမှာ လက်နက်ကြီး နှစ်ချက် ပစ်တယ်။ လက်နက်ငယ်တွေနဲ့ ထပ်ပစ်တယ်။ တကောင်းဂိတ်ကိုလေ" လို့ ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ကောင်စီဒေါက်တိုင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့နဲ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေထံ လာဘ်ပေးပြီး တရားမဝင် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအနေနဲ့လည်း ရပ်တန့်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထား ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကြာညှပ်)နဲ့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒီဇင်ဘာ ၂၁ ရက်ကလည်း  မင်းကုန်းရွာနဲ့ ဆယ်ဇင်းကုန်းရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ Light Truck  ကား တစီးကို မိုင်း နှစ်လုံးဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၂၁ ရက်မှာပဲ ကြာညှပ်ကျေးရွာ စစ်ဆေးရေးဂိတ်မှာ အထိုင်ချထားတဲ့ ဗိုလ်မှူး တစ်ဦးပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးနဲ့ ရဲ ၃ ဦးကို ညနေပိုင်း အပြန်မှာ ကိုးပင်ရွာနဲ့ ပုတီးဖြူကျေးရွာကြားအရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ရဲ နဲ့ စစ်သား ၇ ယောက် သေဆုံး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာလ ၂၃ ရက် ည ၇ နာရီကျော်မှာ တကောင်းတိုက်နယ်၊ မကျည်းကုန်းအုပ်စု၊ ပေါ်တော်မူအခင်းတိုက်မှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ရဲ့ စက်ပစ္စည်းခန်းကို ရှော့မိုင်း နှစ်လုံး သုံးကာ ဖောက်ခွဲ ဖျက်စီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေး-ကျောက်ဆည် လမ်းတွင်မှာလည်း စစ်တပ် ရိက္ခာတင်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ  ၆ ယောက် သေဆုံးပြီး စစ်ကား ၁ စီး ပျက်စီးသွားတယ်လို့ GARUDA PEOPLE'S DEFENCE FORCE အဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်း ၃ နာရီလောက်က မန္တလေးမှ ကျောက်ဆည်ဘက်ကို မောင်းနှင်လာတဲ့ စစ်ကား ၃ စီးကို ပဒေသာမိုင်း ၁ လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ကားပေါ်ပါ တပ်သား ၆ ယောက် သေဆုံးကာ ကားအမိုး ဘန်ကာတွေ ပြုတ်ကျခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

GARUDA PEOPLE'S DEFENCE FORCE အဖွဲ့မှ တာဝန်ရှိသူက " မိုင်းက မြေမြုပ်မိုင်း ပဒေသာ မိုင်း ၁ လုံးကို အသုံးပြုခဲ့တာပါ။ မိုင်းက တလုံးတည်းဆိုပေမယ့် ထုတ်လုပ်ထားတဲ့ မိုင်းက ရေခပ်တဲ့ပုန်းတလုံး စာရှိပါတယ်။ နောက်ဆုံးကားကို မိုင်းဆွဲခဲ့တာ။ စကစ ကားရဲ့ ဘန်ကာအမိုးက ပြုတ်ကျနေခဲ့တယ်။ ဘန်ကာအမိုးပြုတ်သွားလို့ စောင့်ကြည့်နေတဲ့ ရဲဘော်က ၆ ယောက်သေဆုံးတယ်လို့ အတည်ပြုထားတာပါ”လို့ ပြောပါတယ်။

GARUDA PEOPLE'S DEFENCE FORCE အဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာတွင် ပဒေသာမိုင်းကြီးတွေကိုသာ အဓိကထားအသုံးပြုတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံး ဒဏ်ရာရတဲ့ အခြေအနေကိုတော့  သီးခြားအတည်ပြုနိုင်တာမရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013