Home
မြန်မာသတင်း
စစ်တပ်နှင့်ထွေအုပ် ဦးစီးပြုလုပ်သည့် ရေတာရှည်လူထုလမ်းလျှောက်ပွဲ ဗုံးဖြင့် ပစ်ခတ်ခံရ
DVB
·
December 24, 2022
319674382_515554643700096_6751506300791329923_n

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၁ ရပ်ကွက် ကန်တော်မင်္ဂလာပတ်လမ်းမှာ ဒီကနေ့ မနက်ခြောက်နာရီက စစ်တပ်နဲ့ထွေအုပ် ဦးစီးပြုလုပ်တဲ့ လူထုလမ်းလျှောက်ပွဲ ဗုံးနဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ထွေအုပ်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းအများစုပါဝင်တဲ့ ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲ ဗုံးနဲ့ပစ်ခတ်ခံရတာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ပြည်သူလူထုပါဝင်တဲ့ ပုံစံနဲ့လုပ်တာ၊ တကယ်တမ်းက ဌာနဆိုင်ရာဝန်ထမ်းနဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးပဲ ပါတယ်။ အာ့ကြောင့် ဗုံးနဲ့အပစ်ခံရတာ။"

အမည်မသိအမျိုးသားနှစ်ဦးက ဗုံးနဲ့ပစ်ခတ်ခဲ့ရာ လူအုပ်အတွင်း ကျရောက်ခြင်းမရှိဘဲ လမ်းဘေးတနေရာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စစ်တပ်က အနောက်ကပါလာတယ်ဆိုတာ သေနတ်တွေနဲ့လိုက်ပစ်မှ သိတာ။ ဗုံးနဲ့ပစ်တယ်ဆိုတာလည်း စစ်တပ်နဲ့ ပတ်သက်တဲ့လူတွေပဲ ဖြစ်မယ်။ သူတို့အချင်းချင်း စာရင်းရှင်းတာလည်း ဖြစ်နိုင်တယ်။" 

ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကို စစ်ကောင်စီတပ်က ဦးဆောင်ပြီး ကျင်းပခဲ့တာဟာ စတုတ္တအကြိမ်ရှိပြီဖြစ်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်ခြင်းမရှိလို့  စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာ  နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၊ သတင်းပေးအချို့နဲ့သာ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

လက်တလောမှာတော့ ရေတာရှည်မြို့နယ်က ရပ်ကွက်အချို့မှာ စစ်ကောင်စီတပ်က စစ်ဆေးမှုအချို့ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024